အမွေဟူသည်

Words
407
Reading
2 min
Listen
Play
8y

ဥသြသံရှည်ဆွဲသံနဲ့ အတူ နှစ်စဉ်နှစ်တိုင်း ဒီနေ့ဒီရက် ရောက်ရင် အားလုံးရဲ့ စိတ်ထဲမှာ ကြေကွဲဝမ်းနည်းပြီး စိတ်နှလုံးမသာမယာဖြစ်ကြပြီး လွတ်လပ်ရေးခေါင်းဆောင်ကြီး နဲ့ ကျဆုံးလေပြီသော အာဇာနည် အပေါင်းကို အောင့်မေ့လွမ်းဆွတ်ရစမြဲပါပဲ။
ထို့နည်းတူစွာပဲ နိုင်ငံအတွက်ပေးဆပ်သွားခဲ့ကြသူတွေရှိခဲ့လို့လည်း ဒီနေ့ဒီအချိန်မှာ လွတ်လပ်တဲ့ ပြည်သူတွေအဖြစ်နေထိုင်ခွင့် ရနေတာမို့လို့ ကျေးဇူးရှင်ကြီးများကို လေးလေးနက်နက် ကျေးဇူးတင်မိပါတယ်။ သူတို့လက်ဆင့်ကမ်းပေးလိုက်တဲ့ လွတ်လပ်ရေးဟာ အမွေတစ်ခုဆိုလျှင် ကျွန်မတို့လက်ထက်မှာ ဘာတွေများ ပွားများစည်ပင်စေခဲ့ပြီးပြီလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်တော့ ဖြေစရာ အဖြေမရှိသေးပါဘူး။ ကျွန်မတို့ generation မှာ နောက်ထပ်ဖြစ်တည်လာမယ့် next generation အတွက် ဘယ်လို အမွေတွေပေးခဲ့ကြမှာလဲ ။
23-29-04-branchrickey1.jpg
Crd-img-src
စစ်ပွဲတွေလား?
ရာသီဥတု ဆိုးရွားစွာဖောက်ပြန်နေတဲ့ အကျည်းတန်နိုင်ငံကြီးလား ?
ပလတ်စတစ် အမှိုက်တွေဖုန်းလွှမ်းနေတဲ့ ပတ်ဝန်းကျင် အစုတ်ကြီးလား?
ငါကိုးကွယ်ရာသာအမှန် ကျန်တာ အမှားဆိုတဲ့ ငါတကောကောတဲ့ စိတ်ဓါတ်ဆိုးကြီးတွေလား?
အို တွေးမိယုံလေးရယ်ပါ။ ဒါတွေမဖြစ်နိုင်ပါဘူးလို့ ကိုယ့်ကိုကိုယ်ဖြေသိမ့်စရာ ရှိနိုးနိုး ပတ်ဝန်းကျင်မှာ လိုက်ရှာမိတော့ မိုးရာသီကြီးမှာ အပူချိန် ၃၉ ဒီဂရီ ဖြစ်နေတဲ့ ကျဲကျဲတောက်အပူလှိုင်းကြောင့်လား ဇောချွေးတွေပဲလား မသဲကွဲတဲ့ချွေးတွေသာ နဖူးပေါ်က စီးကြလာပါတယ်။ ဖြေသိမ့်စရာတော့မတွေ့ပါဘူး။
ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ဆိုတဲ့ကဗျာလေးထဲက ပထမအပိုဒ်လို
"သြော် လူ့ပြည်လောက လူ့ဘဝကား
အိုရ နာရ သေရဦးမည်" ဖြစ်သည့်အတွက်ကြောင့် မသေခင် ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်အတွက် ကိုယ်တတ်နိုင်သလောက် ကောင်းကျိုးပြုသွားကြဖို့ ကဗျာထဲမှာ အမှာစကားလေးတွေ ချန်ခဲ့တာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။
ကဗျာရဲ့ နောက်တစ်ပိုဒ်ကလည်း တွေးစရာပါပဲ။ ကိုယ့်စာပေကို ကိုယ်တိုင်ထိန်းသိမ်းမှသာ စာပေမပျောက်ပျက်မှာဖြစ်ပါတယ်။
23-51-54-lit_cult.jpg
Crd-img-src
ခုခေတ် လူမှုကွန်ယက်တွေပေါ်မှာ မြန်မာစာကို မြန်မာနားမလည်အောင် အထွင်လွန် အကွန့်လွန်ပြီး ရေးသားနေကြတာဟာ သတိပြုဆင်ခြင်ရမယ့် ရှောင်ကြဉ်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ထွင်ရေးကြသူများကတော့ Like လိုချင်ရုံ ၊ ဟာသလုပ်ရုံ ရေးကြပေမယ့် လူညီရင် ဤ ကိုတောင် ကျွဲလို့ဖတ် ဆိုတဲ့ စကားပုံလို အမှန်ကို အမှားဖုံးသွားနိုင်ပါတယ်။မြန်မာစာပေဆိုတာဟာ ဝေါဟာရ များအလွန်ကြွယ်ဝသလို စာပေမြင့်မှ လူမျိုးတင့်နိုင်မှာမို့လို့ စာပေရဲ့တန်ဖိုး စကားလုံးတွေရဲ့ တန်ဖိုးကို သိရှိပြီး ထိန်းသိမ်းကြမှသာ နှောင်ခေတ်လူငယ်တွေအတွက် စာပေအမွေကောင်းကို ထားရှိနိုင်မှာ မဟုတ်လားရှင်။ ကျွန်မတို့ စတီးမစ်မှာတော့ စာပေ တန်ဖိုးကျမှာတော့ စိတ်မပူရပါဘူးနော်။ မန်ဘာဝင် အားလုံးလိုလို ကိုယ့်စာပေကို ကိုယ်တန်ဖိုးထားပြီး တစ်ပတ်ထက်တစ်ပတ် ပိုမိုကောင်းမွန်တဲ့ စာတွေ ရေးသားနေကြတာ မြင်ရလို့ စတီးမစ်သူ တစ်ယောက်ဖြစ်ရတာကို အရမ်း ဂုဏ်ယူမိပါတယ်။
23-34-53-don-t-stop-you-proud-vector-poster-design-template-hand-lettering-quote-fitness-motivation-89124465.jpg
Crd-img-src
ကဗျာရဲ့ နောက်ဆုံးအပိုဒ်ကတော့ တစ်ပုဒ်လုံးရဲ့ အနှစ်သာရပါပဲ။ ကိုယ်ဦးချရာ ကိုယ်ကိုးကွယ်ရာ ဘာသာတရားရဲ့ အဆီအနှစ်ကို ရအောင် သဘောပေါက်အောင် ကျင့်ကြံအားထုတ်ပြီး ဘာသာ သာသနာကို ပိုမို တောက်ပြောင်လာအောင်လုပ်ကြဖို့တိုက်တွန်းထားခြင်းပဲဖြစ်ပါတယ်။ ကျွန်မတို့အများစုကတော့ ဗုဒ္ဓဘာသာဖြစ်ကြတာမို့ ဗုဒ္ဓဘာသာကိုပဲ ဇောင်းပေးပြောရင် ကျွန်မတို့ မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ ပွားများ ကျင့်ကြံကြမှ သာလျှင် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို သိမြင်လာပြီး ဗုဒ္ဓအလိုကျ နေထိုင်နိုင်မှာဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို တကယ် လိုက်နာ ကျင့်ကြံဖူးပြီးသွားရင် ထဲထဲဝင်ဝင်လေ့လာဖူးသွားရင် အမျိုးစောင့်စရာလည်း မလိုတော့ပါဘူး ။ ကိုယ့် ဘာသာ သာသနာကိုစောင့်ရှောက်ဖို့အတွက်ဆိုပြီး ကိုယ့်အရိုးကိုလည်း စည်းရိုးထိုးနေစရာမလိုပါဘူးရှင်။ အဲ့လိုလုပ်နေကြတဲ့သူတွေဟာ ဗုဒ္ဓဘာသာ တကယ်မစစ်မှန်သေးလို့ဆိုတာ ထင်ရှားပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်လည်ူ နှုတ်မြွက်ညွှန်ပြခဲ့ပြီးဖြစ်ပါတယ်။ တကယ်လိုက်နာ ကျင့်သုံးပြီး မှန်မယ်ထင်တဲ့ သူမှ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်နိုင်တာပါ။ ဘယ်သူ့ကိုမှ ဇွတ်အတင်း ဘာသာဝင်ဖြစ်ဖို့ ဆွယ်တရားမဟောခဲ့သလို သစ္စာလေးပါးတရားကိုသာ တွင်တွင်ဟောခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာမို့လို့ အတင်းလုပ်ယူဖန်တီးပြီး ဘာသာဝင်ဖြစ်ဖို့မလိုသလို သစ္စာတရားကို နားမလည် သဘောမပေါက်လို့ ဗုဒ္ဓဘာသာမှ အခြားဘာသာကို ကူးပြောင်းမည့်သူများကိုလည်း ဆွဲထားလို့မရပါဘူး။ ဘာသာရဲ့ အနှစ်သာရကိုက သစ္စာတရား ဖြစ်တာမို့ ဖန်တီးယူလို့ရတဲ့အရာလည်း မဟုတ်သလို ဖျက်ဆီးလို့လည်းမရပါဘူးရှင်။
23-36-55-8bfe34ae966ae2c8a6100f132eae98b1.jpg
Crd-img-src
နောက်တစ်ခုက ကိုယ်ဗုဒ္ဓဘာသာဝင်ဖြစ်လို့ အခြားဘာသာဝင်တွေကိုလည်း ထိခိုက်စော်ကားရမယ်လို့ မရှိပါဘူး။ ဘာသာတိုင်းရဲ့ အခြေခံကတော့ လူသားပီသဖို့ ညွှန်ပြထားပြီးသားပဲလို့ ယုံကြည်ပါတယ်။ ဒါကိုမှ ဘာသာရေးကို ခုတုံးလုပ်ကြတဲ့သူတွေ ကြောင့် အစွန်းရောက်သမားတွေဖြစ်လာ ကြတယ်လို့ ထင်ပါတယ်။ကျွန်မအနေနဲ့ ပြောရမယ်ဆိုလျှင် ဘာသာတိုင်းကို လေးစားပါတယ်။ ဘာသာတရားတိုင်းလိုလို ဘဝမှာ မြင့်မြတ်တဲ့ နှလုံးသားလှတဲ့ လူသားတွေ ဖြစ်အောင် လမ်းညွှန်ပေးကြတာချည်းပဲ လို့ ယုံကြည်ပါတယ်။ ဘာသာမတူသူအချင်းချင်းလည်း လူကိုရော ဘာသာကိုပါ အပြန်အလှန် လေးစားမှုရှိကြရင် ပြဿ နာအတော်များများ ပြေလည်သွားမှပါ။ ကိုယ် အမြင့်ရောက်ဖို့ သူများကိုဆွဲချဖို့ မလိုပါဘူး ကိုယ့်ဖာသာ ကြိုးစားဖို့ပဲ လိုပါတယ်။ ထို့နည်းတူစွာပဲ ကိုယ့် ဘာသာ သာသနာ တည်မြဲစေဖို့ သူများဘာသာ သာသနာကို ပျက်စီးဖို့မလိုပါဘူး။
23-38-57-20161025_tuesday_quote.jpg
Crd-img-src
နောက် ဘာသာတရားနဲ့ ပတ်သတ်ပြီး ကျွန်မတို့နိုင်ငံမှာ လွဲနေသေးတဲ့ အချက်တစ်ခုလည်းရှိပါသေးတယ်။ ကျွန်မတို့အများစုဟာ အကျိုးလိုလို့ ညောင်ရေလောင်းသလို ဘာသာတရားကို လုပ်နေကြပါတယ်။ ဥပမာအားဖြင် အချို့သော သူများသည် ဘုရားဒကာ ဘုရားအမ နာမည်ခံချင်တာနဲ့ဘဲ လုံလောက်ရုံမျှ မကသော ဘုရား ပုထိုး စေတီများကို သိန်းပေါင်း မြောက်များစွာကုန်ကျခံလှူဒါန်းတတ်ကြပေမယ့် တကယ်လိုအပ်နေတဲ့ နေရာ များဖြစ်တဲ့ စာသင်တိုက်လိုမျိုး မိဘမဲ့ဂေဟာမှာလို ၊ ဆေးရုံဆေးခန်းတွေမှာတော့ အလှူငွေမထည့်ချင်ကြပါဘူး။ တပါးသူ လိုအပ်တဲ့နေရာကို ဖြည့်စည်းပြီး ကာလဒါနပြုရမယ့်အစား ကိုယ်ရဲ့ တမလွန်ဘဝ ချမ်းချမ်းသာသာနေရရေး၊ ခုဘဝမျက်နှာပန်းလှဖို့အရေးကိုပဲ အလေးသာနေကြပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး ။တကယ်ကိုလေးစားအားကျရလောက်တဲ့ အလှူရှင်တွေလည်း အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့နေရာတွေမှာ အချိန်ကိုက်လှူနိုင်လာကြရင် ၂ဦး၂ဖက်လုံး အလွန်အကျိုးများကြမှာပဲ။
23-41-58-images.jpg
Crd-img-src
အချုပ်အားဖြင့် အစောပိုင်းက အတွေးကို ပြန်ကောက်ရရင် ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက် ချန်ထားခဲ့နိုင်စရာ အမွေကို ကျွန်မတို့ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကြမှသာ နှောင်းလူသားလေးတွေအတွက် အဆင်ပြေစေမှာပဲဖြစ်ပါတယ်။ အာဇာနည်နေ့မှာ အတွေးတွေချဲ့ဖြစ်တာလေး ရေးသားတင်ပြရင်းနဲ့ ဆရာ ဇော်ဂျီ ၏ သင်သေသွားသော် ကဗျာလေးကို ပြန်လည် အမှတ်ရစေရန် အတွက် တင်ပေးလိုက်ပါတယ်။
သင်သေသွားသော်

သြော် . . . လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
(ဆရာဇော်ဂျီ)
23-23-34-c27f4-1.jpg
Crd-img-src
အားလုံးကျန်းမာချမ်းသာကြပါစေ။

suhtetaung@suhtetaung
MSC-264