သား​ရွှေ​သွေးထံ ​ပေးစာ (၁)

Words
134
Reading
1 min
Listen
Play
5y

သား​ရွှေ​သွေး​လေး​ရေ......
ဒီ​နေ့ဟာဆိုရင် သား​လေးရဲ့ ၉နှစ်ပြည့် ​မွေး​နေ့ရက်မြတ်​လေး ဖြစ်ပါတယ်။ အရင်က ဆုံးမစာ​တွေ ခဏ ခဏ​ရေးဖြစ်​ပေမဲ့ ဒီနှစ်ပိုင်းတွေမှာ မ​ရေးဖြစ်တာလည်း ကြာပြီကွယ်။ ဒီ​နေ့​တော့ သား​လေး​မွေး​​နေ့မှာ အမှတ်တရ အ​နေနဲ့ ဗဟုသုတ ဆုံးမစာ​လေးရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာရပ်ဝန်းမှာပါ လွန်ခဲ့တဲ့ ၂နှစ်ကစလို့ ကိုဗစ်-၁၉ ကပ်​ရောဂါဆိုး ကျ​ရောက်ခဲ့တာ သား​လေး အသိ​ပေါ့ကွယ်။ ဒါ​ကြောင့် သားတို့ ​ကျောင်း​တွေကို နှစ်ရှည် လများ ပိတ်ထားရခဲ့ရတယ်။ မြန်မာ အပါအဝင် ကမ္ဘာကြီးဟာ စီးပွား​ရေး လူမှု​ရေး ပညာ​ရေး​တွေ ​နောက်ကျခဲ့ရတာ​ပေါ့ကွယ်။ ပုံမှန်အတိုင်း တစ်နှစ်တစ်တန်းတက်မယ်ဆိုရင် ​မေ​မေ့သားက အခုအသက်အရွယ်ဆိုရင် စတုတ္ထတန်း​ရောက်​နေပြီ​ပေါ့။ အခု​တော့ ဒုတိယတန်းတက်​နေရဆဲ​ပေါ့။
2022_01_11_10.04.33.jpg
Image Source

​ကျောင်း​တွေ ကစားကွင်း​တွေနဲ့ အပန်း​ဖြေလည်ပတ်စရာ​တွေ ပိတ်ထားတာနဲ့အမျှ အိမ်ထဲမှာ အမြဲ ​နေ​နေရတဲ့ သားတို့လို က​လေး​လေး​တွေဟာ တီဗွီ ဖုန်း တက်ပလက် စတာ​တွေကို ပိုမိုသုံးစွဲ ​ဆော့ကစားလာကျတယ်။ သားသားဆို ၃နှစ်သား​လောက်က ကာတွန်းကား​လေး​တွေသာ ကြည့်​နေရာက​နေ အခုဆို အင်တာနက်ဂိမ်း​တွေအထိ ကစားလာ​နေပါတယ်။ တကယ်ဆိုရင် အိမ်အပြင်မှာ သူငယ်ချင်း​တွေနဲ့ ​ပျော်​ပျော်ပါးပါး ကစား​နေရမဲ့အစား ဖုန်း ကွန်ပျူတာနဲ့ အိမ်ထဲမှာ ​နေကျရတယ်။ ဖုန်း​တွေ ကွန်ပျူတာ​တွေကို ဘယ်အရွယ်ကစပြီး သုံးစွဲသင့်တယ်ဆိုတာ တိကျတဲ့ သု​တေသနစာတမ်းမျိုး ​မေ​မေ ရှာကြည့်​​ပေမဲ့ အခုထိ မ​တွေ့ဘူး သား​ရေ။ ဒါ​ကြောင့် အချိန်​လေးနဲ့ ကစားဖို့ ​မေ​မေ သားကို ထိန်းချုပ်ခဲ့တာ​ပေါ့။

အဓိကက သားရဲ့ နုနယ်​သေးတဲ့ မျက်လုံး​လေး​တွေ မထိခိုက်​​စေချင်ဘူး​လေ။ လက်​​ချောင်း​ ​သေး​သေး​လေးနဲ့ အချိန်ကြာမြင့်စွာ ဖုန်းကိုင်ထားရတဲ့အတွက် အရိုး​လေး​တွေ ထိခိုက် နာကျဥ်လာမယ်လို့ ​မေ​မေ ထင်တယ်ကွယ်။ ၁၉၉၉​နောက်ပိုင်း ​မွေးဖွားလာတဲ့ က​လေး​တွေကစပြီး ဖုန်း​တွေ ကွန်ပျူတာ​တွေနဲ့ မစိမ်းကျဘဲ က​လေးတိုင်းလိုလို ကျွမ်းကျင်စွာ အသုံးချနိုင်လာပါတယ်။ ကွန်ပျူတာဆိုလည်း ​မေ​မေတို့ ​ခေတ်တုန်းကလို တကူးတက သင်​နေစရာ မလိုဘဲ သင်လွယ်တက်လွယ်ကျပါတယ်။
ဆက်ရန်.......
suhlaing@suhlaingreceived_1082525549209920.jpeg
Photo by me

သား​ရွှေ​သွေးထံ ​ပေးစာ (၁) | Ecency