မိန်းမ မဆန်သော မိန်းမ

Words
94
Reading
1 min
Listen
Play
1y

မင်္ဂလာပါ။ စာမရေးဖြစ်တာလည်း ကြာပါပြီ။ ဒီနေ့တော့ အရမ်းကို စာရေးချင်တဲ့ စိတ်ကလေး ဖြစ်လာပါတယ်။

ဒါကြောင့် ရေးမိရေးရာ ရေးလိုက်ပါတယ်။ တခြားအကြောင်းတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေ အကြောင်း နည်းနည်း ပြောချင်လို့ပါ။

ကျွန်မဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာကို ဝေဖန်ရရင် အမျိုးသမီး သိပ်မဆန်တဲ့ အမျိုးသမီးတစ်ယောက်လို့ ဝေဖန်မိပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်မက

၁။ အလှအပရေးရာကို လိုတာထကိပို မကြိုက်ဘူး

၂။ ကျွန်မကို ကျွန်မ သူများနဲ့ နှိုင်းယှဥ်တာ နည်းတယ်

၃။ ကျွန်မက ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တက်ဘူး

၄။ အမျိုးသမီးတွေ ဝတ်လေ့ရှိတဲ့ အတွန့် အဖက်တွေနဲ့ မိန်းမ သိပ်ဆန်တဲ့ အဝတ်အစားကို မကြိုက်ဘူး

၅။ အတင်းပြောတာကို တက်နိုင်သမျှရှောင်တယ်

၆။ အပျော်အပါးသိပ်မမက်တက်ဘူး

၇။ အလည်အပတ်ထက် သဘာဝဆန်တဲ့ နေရာဒေသလေးတွေကို ပိုမက်တယ်

၈။ မိန်းကလေးအများစုက photoအရိုက်ခံရတာ ဝါသနာပါပေမဲ့ ကျွန်မကတော့ Photo ရိုက်ရတာကိုပဲ ဝါသနာပါတယ်

၉။ ကျွန်မ အနှစ်သက်ဆုံး Styleက တီရှပ်နဲ့ ဘောင်းဘီ ပွပွ

၁၀။ ညဝတ်အိပ်အဝတ်နဲ့လည်း တမြို့လုံးပတ်သွားတယ်

စသည် စသည် အချက်တွေကြောင့် ကျွန်မဟာ မိန်းမ မဆန်သော မိန်းမဖြစ်ပါတယ်။

Photo by me
မန္တလေး ကျုံးအလှကို SAMSUNG A21Sနဲ့ ရိုက်ကူးထားတာပါ