ခိုင်၏ အိမ်မက်ရှည်...

Words
143
Reading
1 min
Listen
Play
7y

အိမ်မက်တွေနဲ့ ပတ်သက်ပြီး လူတချို့က ယုံကြည်ကျတယ်။ လူတချို့ကတော့ အယုံအကြည်မရှိကျဘူး။ ဘယ်လိုဘဲ ယူဆကျပါစေ ခိုင့်အတွက်ကတော့ အိမ်မက်တွေဟာ မကြာခင် အပြင်မှာတကယ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တကယ်လည်း ဖြစ်ခဲ့ပါတယ်။ နောက်လည်း ခိုင့် ဘဝတစ်ခုလုံးဟာ အိမ်မက်တွေရဲ့ လွှမ်းမိုးခြင်းခံရလိမ့်အုံးမယ်ဆိုတာ ခိုင် သိနေပါတယ်။ ခိုင် ငယ်ငယ်လေးထဲက ခိုင့် ဘဝထဲကို အိမ်မက်ဆိုတာ စတင်ရောက်ရှိလာပါတယ်။ ခိုင် မှတ်မိသလောက် ၅နှစ်သမီးအရွယ် မက်ခဲ့တဲ့ အိမ်မက်ကနေ စတင်ခဲ့မယ်ထင်ပါတယ်။

trga898o6w.png
source image

အဲ့ဒီ အိမ်မက် မက်တဲ့ညက အရမ်းအေးတဲ့ ဆောင်းတွင်းကာလကြီးပါ။ အိမ်မက်ထဲမှာ ခိုင်ရယ် ခိုင့် မောင်လေးရယ်ဟာ ခိုင်တို့နေထိုင်တဲ့ အိမ်ကြီးရဲ့ အနောက်ဘက်တောစပ်ကို လက်တွဲပြီး သွားခဲ့ကျတယ်။ နောက်တော့ တောစပ်အနောက်မှာ ရှိတဲ့ ရေကန်ကြီးနားရောက်လာခဲ့တယ်။ ခိုင့် မောင်လေးက ခိုင့်ရဲ့လက်ကို အတင်းဖြုတ်ချပြီး ရေထဲကို ပြေးဆင်းဖို့ ပြင်ပါတယ်။ ခိုင်လည်း ကြောက်လန့်တကြားနဲ့ အတင်းဆွဲ မောင်လေးကလည်း ရုန်းနဲ့ နောက်တော့ ခိုင် မောလာတယ်။ မောင်လေးကို အတင်းဆွဲလည်းဆွဲ ပါးစပ်ကနေလည်း အတင်းတားနေတယ်။ ဒါပေမဲ့ ထူးဆန်းတာက ခိုင့် ပါးစပ်ကနေ အသံထွက်မလာဘူး။ အော်တာမှ အရမ်းကို အော်တာ။ လည်ချောင်းတွေတောင် နာတဲ့အထိကို အော်တာပါ။

IMG_20190606_063804.png
source image

ခိုင့် မျက်လုံးတွေကလည်း မျက်ရည်တွေကျလို့။မောင်လေးကို ဆွဲထားတဲ့ ခိုင့် လက်တွေလည်း လက်အံသေလာပြီ။ နောက်ဆုံး ခိုင် မောင်လေးကို လွှတ်ပေးလိုက်ရပါတော့တယ်။ မောင်လေးဟာ ရေကန်ထဲကို တဖြည်းဖြည်းဆင်းသွားပြီး သူ့ခေါင်းလေး မမြုတ်ခင် ခိုင့်ကို တချက်လှည့်ကြည့်ပြီး ရေထဲမှာ နစ်မြှတ်သွားပါတယ်။ ခိုင်လည်း တအားအော်ခေါ်ရင်း အိမ်မက်က လန့်နိုးလာတယ်။ ခိုင့် မျက်နှာပြင်တခုလုံး မျက်ရည်စတွေနဲ့ စိုရွဲနေသလို ခိုင့် တစ်ကိုယ်လုံးလည်း ချမ်းလို့ တုန်နေပါတယ်။ ခိုင်လည်း အိမ်မက်ဆိုပေမဲ့ မောင်လေးကို စိတ်မချလို့ ဖေဖေနဲ့ မေမေတို့ အခန်းကို တိတ်တိတ်လေးကူးလာပြီး မောင်လေးကို လာကြည့်မိပါတယ်။ ဖေဖေနဲ့ မေမေတို့ကြားမှာ နှစ်ခြိုက်စွာ အိပ်နေတဲ့ မောင်လေးကို မြင်မှ စိတ်အေးသက်သာစွာနဲ့ ခိုင့် အိပ်ခန်းကို ပြန်ခဲ့ပါတယ်။

ဆက်ရန်..

suhlaing@suhlaing
msc 175

ခိုင်၏ အိမ်မက်ရှည်... | Ecency