ကျမ ဒီဇိုင်နာ (၁)

Words
119
Reading
1 min
Listen
Play
8y

ဒီတပတ် ရုံးပိတ်ရက်လေးမှာတော့ မိန်းကလေးတိုင်း တက်ထားသင့်တဲ့ စက်ချုပ်ပညာရပ်နဲ့ပတ်သက်လို့ ဝေမျှသွားချင်ပါတယ်။ အမျိုးသမီးထုအတွက် အဓိက ကုန်ကျစရိတ်ဟာ ချုပ်ခဆိုရင် မှားမယ်မထင်ပါဘူး။ အရင်ခေတ်အခေါ် စက်ချုပ်သမတွေဟာ အခုဆိုရင် ခေတ်နဲ့ အညီ ရင်ဘောင်တန်းလို့ ဒီဇိုင်နာ ပညာရပ်တွေကို လေ့လာနေကျပါပြီ။ ဆန်းသစ်တဲ့ အတွေး ခေတ်မီတဲ့ ဒီဇိုင်းတွေနဲ့ သေသပ်လှပတဲ့ အထည်ဆန်းလေးတွေကို ချုပ်လုပ်လာနိုင်ကျပါပြီ။

စက်ချုပ်ပညာမှာ အဓိကအားဖြင့် စင်တီမီတာနဲ့ ချုပ်လုပ်ခြင်း လက်မဖြင့် ချုပ်လုပ်ခြင်းဆိုပြီး ကွဲပြားပါတယ်။ ဒီထဲကနေမှ ထိုင်းစင်တီမီတာ ဂျပန်စင်တီမီတာ စသည်ဖြင့် ပြန်ကွဲထွက်သွားပါတယ်။ အနောက်တိုင်းနည်း စင်တီမီတာနဲ့ဘဲ ချုပ်ချုပ် အရှေ့တိုင်းနည်း လက်မနဲ့ဘဲချုပ်ချုပ် အထည်ကောင်းထွက်ဖို့ဆိုရာမှာ ချုပ်လုပ်သူ ဒီဇိုင်နာရဲ့ သေသပ်မှုနဲ့ တိကျမှုသာ အဓိက ကျလှပါတယ်။ ဘယ်နည်းနဲ့ဘဲ ချုပ်ချုပ် တိကျတဲ့ စက်ချုပ်သမားရဲ့ အပ်ထည်လေးဟာ သေသပ်လှပပြီး ဝတ်ဆင်သူရဲ့ ကိုယ်ခန္ဓာမှာ အံဝင်ခွင်ကျနဲ့ လှပတင့်တယ်နေမှာပါ။
image
မတ်မတ်စုကတော့ ၂နည်းလုံးကို လေ့လာသင်ယူထားပြီး လက်မရဲ့အားနည်းချက်နဲ့ စင်တီရဲ့အားနည်းချက်တွေပေါင်းစပ်ပြီး ကိုယ်ပိုင်နည်းလေးကို တီထွင် ချုပ်လုပ်ပါတယ်။ စက်ချုပ်စသင်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ ချုပ်ခတွေ ဈေးကြီးလို့ပါဘဲ။ ချုပ်ခတွေဟာ အစဖိုးထက်ကို ကြီးကျပါတယ်။ ပွဲတက်မဟုတ်တဲ့ ရိုးရိုးပိတ်စတောင်မှ ကိုယ်အပ်တဲ့ ဒီဇိုင်နာရဲ့ လက်ရာပေါ်လိုက်ပြီး ဝမ်းဆက်တစ်စုံကို အနိမ့်ဆုံး ၁၂၀၀၀ကနေ ၂၅၀၀၀အထိ ရှိတက်ပါတယ်။ အမျိုးသမီးတွေကလည်း ချဉ်ပေါင်ရွက်သာ တစ်ရာ ၄စီးမရမကစစ်တက်ပေမဲ့ ချုပ်ခအတွက်တော့ မနှမြောတက်ကျတာ ကိုယ်တွေ့ပါဘဲ။ ပေးရပြန်များလာတော့ မတ်မတ်စုလည်း နှမြောတက်လာပါတယ်။ ငါကိုယ်တိုင် ဒီပညာကိုတက်ရင် ချုပ်ခဆိုတာလည်း မကုန်တော့ဘူး ၁စုံအစား ၂စုံဝတ်ရတယ်ဆိုတဲ့ စိတ်နဲ့ စက်ချုပ်ပညာကို စတင်စည်းပူးလေ့လာခဲ့ပါတော့တယ်။
image
ဆက်လက်ဖတ်ရှု့ရန်..

suhlaing@suhlaing
msc 175
photo by me & credit designer may nyin mal

ကျမ ဒီဇိုင်နာ (၁) | Ecency