မျှော်မှန်းထားသော ၂၀၂၀

Words
169
Reading
1 min
Listen
Play
8y

ယခုရက်ပိုင်း ခရီးသွားချင်နေပါသည်။ သွားချင်သည်မှ နီးနီးနားနား မဟုတ်။ ပြည်ပ ခရီးကို သွားချင်နေမိသည်။ ပြည်ပ ခရီးတွင်မှ ကျွန်းနိုင်ငံများသို့ အလည်သွားချင်နေမိသည်။ နိုင်ငံခြားဆိုလို့ နယ်မြေချင်းထိစပ်နေသော သိပ်မဝေးလှသည့် တရုတ်ပြည် ရွှေလီ ရင်ကျန်း လိုင်ဇာ လွယ်ဂျယ် ဂျယ်ခေါင်ဘက်က လွဲရင် မည်သည့် နိုင်ငံမှ မရောက်ဖူးပါ။ နိုင်ငံခြားသို့ သွားရောက်လည်ပတ်ရလျှင်လည်း အလုပ်ကိစ္စနှင့် မဟုတ်ဘဲ အလည်အပတ်သာသွားလိုပါသည်။ အေးအေးချမ်းချမ်း သာသာယာယာ စိတ်အပန်းလူအပန်းဖြေချင်နေမိသည်။ ထိုသို့ သွားရလျှင်လည်း ဟာဝိုင်ရီလို ဗီယမ်နမ်လို နိုင်ငံများသို့ အလည်သွားချင်ပါသည်။

ခရီးထွက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသည့် စိတ်ဖြေလျော့နည်း တစ်မျိုးဖြစ်သည်ဟု ယူဆပါသည်။ လူတို့သည် နေ့စဉ်အလုပ်များကို ဆက်တိုက်လုပ်ကျရသော အခါ စိတ်ဖိစီးမှုများတက်ပါသည်။ စိတ်ဖိစီးမှု အနည်းအများပေါ်မူတည်၍ လုပ်ငန်းခွင်အတွင်းမှာကော မိသားစု ကိစ္စများပါမကျန် အဆင်မပြေမှုများ ဖြစ်လာပါသည်။ ထို့ကြောင့် ဖိစီးနေသော စိတ်ကို ပြေလျော့စေရန် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်ခန့် ခရီးထွက်ပေးသင့်ပါသည်။ အဝေးကြီး မထွက်နိုင်လျှင်တောင်မှ မိမိနှင့် အနည်းငယ်ဝေးသော ခရီးတိုလေးများကို စိတ်ပြေလက်ပျောက်ထွက်ပေးသင့်ပါသည်။ ထိုသို့ ထွက်ရာတွင်လည်း မိမိစိတ်အခြေအနေကိုမှန်းဆကာ သွားရောက်မည့်နေရာ ဒေသကို ရွေးချယ်သင့်ပါသည်။

image
credit image source

စိတ်ဖိစီးမှုများသော သူများသည် အေးချမ်းစွာ အနားယူနိုင်မည့် သဘာဝအလှတရားများပြည့်နှက်နေသော နေရာများကို ရွေးချယ်သင့်လှပါသည်။ ဒေသံသရဗဟုသုတရှာမှီးလိုသူများကတော့ မိမိမရောက်ဖူးသေးသော စိတ်ဝင်စားစရာကောင်းမည့် နေရာဒေသများကို ရွေးချယ်သွားရောက်သင့်ပါသည်။ စိတ်ဖိစီးမှုများ၍ အပန်းဖြေချင်သူနှင့် ဒေသံသရဗဟုသုတရှာဖွေလို၍ ခရီးသွားချင်သူသည် ဦးတည်ချက်ခြင်းမတူညီနိုင်သောကြောင့် မိမိ ခရီးသွားလိုရင်းကို ခွဲပြားစွာ သိဖို့ လိုအပ်ပါသည်။ မည်သို့သော ရည်ရွယ်ချက်နှင့် သွားစေကာမှု ခရီးသွားခြင်းသည် ကောင်းသော အလေ့အထပင်ဖြစ်ပါသည်။

image
credit image source

မတ်မတ်စုတစ်ယောက်လည်း ခရီးသွားပိုလ့်တွေ ဖတ်ရင်း နိုင်ငံခြားခရီး အလွန်သွားချင်နေမိပါသည်။ ခရီးသွား ဝါသနာပါသူဖြစ်ရာ မြန်မာပြည်အထက်ပိုင်း အထင်ကရနေရာများဖြစ်သော အင်းတော်ကြီးဒေသ မြစ်ဆုံ ဇလုံတောင် မန်လည်ကျောင်းတိုက် စသည့်ဒေသများအပြင် မန္တလေးတဝိုက် စေတီပုထိုးများ ရှမ်းပြည်နယ် အင်းလေးဒေသ မုံရွာဒေသရှိ ဗောတိတစ်ထောင် အပါအဝင် အလောင်းတော်ကဿ ဖ ပုဂံဒေသရှိ စေတီပုထိုးများ ကျိုက်ထီးရိုးစေတီတော်နှင့် ရန်ကုန် သန်လျှင်တဝိုက် အထင်ကရနေရာများကို သွားလာဖူးမြှော်လေ့လာဖူးပါသည်။ မြန်မာပြည်တွင် ရခိုင်ဒေသသာ ကျန်ပါတော့သည်။ ကျန် တိုင်းဒေသကြီးများမှာ နှံ့စပ်ခြင်းမရှိလျှင်တောင် တီးမိခေါက်မိတော့ ရှိပါသည်။ ထိုကြောင့် ဗီယမ်နမ်လောက်တော့ သွားဖူးနိုင်အောင် ကြိုးစားရမည်ဟု စိတ်တွင် ရည်စူးထားကာ ၂၀၂၀တွင် Steemဈေးများတက်ပါက သွားနိုင်ကောင်းပါရဲ့ဟု မျှော်လင့်မိပါတော့သည်။

image
credit image source

image
credit image source
suhlaing@suhlaing
msc 175

မျှော်မှန်းထားသော ၂၀၂၀ | Ecency