ခိုလှုံရာ ရိပ်မြုံ ( ၄ )

Words
172
Reading
1 min
Listen
Play
8y

မနက်၅နာရီခန့်တွင် သားနှင့် ချွေးမသည် စက်ဘီးနှင့် အလုပ်ထွက်သွားကျသည်။ သည်နေရာနှင့် စက်ရုံကို သွားရန် ၇ မိုင်ခန့် စက်ဘီးနင်းပြီးလျှင် ကားတစ်ဆင့်ထပ်စီးရမည်ဖြစ်သည်။ ယခု နေရာလေးသည် အစိုးရမှ အိမ်မြေမရှိသူများအတွက် ချထားသောနေရာဟု သားက ပြောပြသည်။ မိမိတို့ မိသားစု ထပ်မံပြောင်းရွှေ့ရန်မလိုတော့ဟုလည်း ပြောသည်။ မြို့စွန်နှင့်ပင် အတော်အလှမ်းဝေးလှသည်။ သို့သော် နေရာတစ်နေရာ အပိုင်ရှိထားခြင်းကပင် ဒေါ်ကြည်အေးအတွက် စိတ်အေးချမ်းစေသည်။ မိမိအတွက်တော့ ဘယ်နေရာဖြစ်ဖြစ် ကိုယ်ပိုင်မြေဟု သိရသောကြောင့် ပျော်ရွှင်မိသည်။ သားနှင့် ချွေးမအတွက်တော့ အလုပ်သွားအလုပ်ပြန်ဝေးသည်ကလွဲလျှင်။ ချစ်ရသော သားအပြင် မြေးလေးများနှင့်အတူနေရလျှင် ဒေါ်ကြည်အေး ဘဝသည် ပြည့်စုံလှပေပြီ။

IMG_20181008_074352.png
source

သို့သော် ကံကြမ္မာသည် ဒေါ်ကြည်အေးကို မျက်နှာသာမပေးလှ။ ချွေးမဖြစ်သူမှ လူပိုတစ်ယောက်အတွက် ကုန်ကျစရိတ်များသည်ဟု ဆိုလာပြန်သည်။ ထို့ကြောင့် လင်မယား နှစ်ယောက်နေ့စဉ်လို စကားများရန်ဖြစ်ရလေသည်။

'' လူပိုတစ်ယောက်ရဲ့ စရိတ်က နည်းသလား။ တစ်လတစ်လ ရှင့်အမေကြောင့် ကျမတို့ ပိုလျံတယ်ဆိုတာကို မရှိဘူး။ ကလေးထိန်းအပြင် ဘာကူဖော်ရလို့လည်း အခုဆို ကလေးတွေကလည်း ထိန်းရမဲ့အရွယ်မဟုတ်တော့ဘူး အကြီးမကို ကျောင်းနုတ်ပြီး ကလေးထိန်းရင် အဆင်ပြေတယ်။ ကျမတော့ လူပိုမထားနိုင်တော့ဘူး ကိုမြမောင်''

'' အေးပါ မိန်းမရယ် အဆင်ပြေအောင် ကြည့်စီစဉ်ပါ့မယ်''

ဒေါ်ကြည်အေးသည် နေ့စဉ်ကြားရသည့် စကားများကြောင့် စိတ်မချမ်းသာလှပေ။ သားဖြစ်သူကလည်း မိခင်ကြီးကို မနှင်ချရက်။ မိမိတို့ သားအမိ ၂ယောက်သာရှိသည်မဟုတ်လား။ မိန်းမဖြစ်သူကိုလည်း မလွန်ဆန်နိုင် ကြားထဲတွင် စိတ်အဆင်းရဲကြီး ဆင်းရဲနေရလေသည်။ သား ဖြစ်သူ စိတ်ဆင်းရဲနေရသည်ကို မြင်တော့ ဒေါ်ကြည်အေးလည်း စိတ်မကောင်းဖြစ်ရသည်။ သို့သော် မိမိတွင်လည်း သွားစရာနေရာမရှိ။ သို့နှင့် ဒေါ်ကြည်အေးသည် ကျိတ်၍ မျက်ရည်ကျသည့် ရက်များများလာပေသည်။

IMG_20181008_074551.png

source

တစ်နေ့တွင် ဒေါ်ကြည်အေးသည် ဘုန်းကြီးကျောင်းအတွင်းရေခပ်သွားစဉ် ကိုယ်ခံအားနည်းသောကြောင့် မူးလဲလေသည်။ အသက် ၇၀ ကျော်ပြီဖြစ်သော သူမအဖို့ ရေခပ်သွားရခြင်းသည် အင်အားတော်ကုန်ခမ်းပေသည်။ ဘုန်းကြီးကျောင်းမှ ဦးဇင်းများ ကိုရင်လေးများ ပြေးထွက်လာကာ ကူမကျသည်။ ထိုအချိန်တွင် ကျောင်းပေါ်မှ ဧည့်သည် ဖြစ်ဟန်တူသည့် လူရွယ်လေးနှင့် မိန်းမငယ်လေးတစ်ယောက်လည်း ဆင်းလာလေသည်။ ထို့နောက် ဒေါ်ကြည်အေးကို သက်သာအောင်ဝိုင်းဝန်းပြုစုပေးကျလေသည်။

'' အမေကြီး သတိရပြီလား''

'' ဟုတ်ကဲ့ သက်သာပါပြီ ကလေးတို့ရယ် ကျေးဇူးတင်ပါတယ် ''

'' အမေကြီး ဘယ်မှာနေတာလည်း သားတို့ ပြန်လိုက်ပို့ပေးမယ် လမ်းလျှောက်ရင် ပြန်မူးနေမှာစိုးလို့ပါ။ သားတို့မှာ ကားပါ ပါတယ်။ ပြီးတော့ အမေကြီးအတွက် အားရှိစေမဲ့ အစာလေးတွေ လှူ ဒါန်းပေးခဲ့ချင်လို့''

ဆက်ရန်...

suhlaing@suhlaing
msc 175