ချစ်နှလုံးသားလက်ဆောင်

Words
88
Reading
1 min
Listen
Play
8y

လွန်​​လေပြီးဖြစ်​တဲ့ အတိတ်​ကို ပြန်​သတိရမိတိုင်း

ရင်​ထဲမှာ နင့်​ခနဲ ​အောင့်​သွားသလိုပဲ

ပြီးဆုံးပြီး ဖြစ်​တဲ့ အရာ​တွေက

နှစ်​​ပေါင်းများစွာကြာ​သည့်​တိုင်

ယခုအချိန်​အထိ အရိပ်​တစ်​ခုလို လိုက်​​နေ​သေးတာက

အံ့သြစရာပါပဲ။



ကိုယ်​မှားခဲ့လို့ပဲ ဖြစ်​ဖြစ်​ သူ့​ကြောင့်​ပဲဖြစ်​ဖြစ်

ရေးခဲ့ပြီးတဲ့ ဘဝစာမျက်​နှာ​တွေက​တော့

ဖျက်​ရာ​တွေဗရပွနဲ့ ညစ်​​ပေခံခဲ့ရတာက

ဘယ်​သူကမှ ​ဖြောက်​ပစ်​လို့မရတဲ့

သမိုင်းတစ်​ခုလိုပါပဲ။
image

အပြစ်​ကျူးလွန်​ခဲ့သူက ဘယ်​သူကတရားခံဖြစ်​ဖြစ်

ခဏတာ စိတ်​အလိုလိုက်​မှုတစ်​ခုက

တစ်​ဘဝစာ ​သေရာပါ​အောင်​ ဒဏ်​ရာ​တွေ

အထပ်​ထပ်​လိမ်းကျံခံလိုက်​ရမယ်​ဆိုတာ

ပျော်​​နေတုန်းအချိန်​ကာလတစ်​ခုက

ကိုယ့်​ဘဝရဲ့ နတ်​ဆိုးတစ်​ပါး​မွေးဖွား​ပေးခဲ့မယ်​ဆိုတာ

ဘယ်​သူကမှ ကြိုမသိခဲ့ဘူး​လေ။



ကံကြမ္မာဇာတ်​ဆရာ ရဲ့ မျက်​လှည့်​ပြကွက်​​တွေကပဲ

မင်​သက်​​စေခဲ့တာလား.....!!!!

ဖူးစာ​ရေးနတ်​မင်းရဲ့ မညှာမတာ လှည့်​ဖြားမှု​တွေ​ကြောင့်​လား မသိဘဲ နှလုံးသားနုနု အ​သွေးအသားနုနုကို

ဒဏ်​ရာ​တွေ အထပ်​ထပ်​ တံဆိပ်​ရိုက်​ခံခဲ့ရသလို

ကိုယ့်​လိပ်​ပြာကို ကိုယ်​ဒူး​ထောက်​​စေခဲ့တာလည်း

ခေါင်းပြန်​​မော့ဖို့​တောင်​ မလွယ်​​တော့သလိုပါဘဲ။

image

အတိတ်​ကို အတိတ်​မှာထားပြီး

လက်​ရှိအချိန်​ကို အ​ကောင်းဆုံး ဖြတ်​​ကျော်​​နေ​ပေမယ့်

လည်း အရိပ်​မည်း​တွေက အ​တွေးထဲ​ရောက်​တိုင်း

မ​နေ့တစ်​​နေ့ကလို ​ကြောက်​လန့်​​နေမိတုန်းပဲ။



ဘယ်​သူမှ မသိသလို ဘယ်​သူကမှကိုယ့်​ကို

လက်​ညှိုးထိုး​နေတာ မဟုတ်​​ပေမယ့်

ကိုယ့်​လိပ်​ပြာက ကိုယ့်​ကို တိုက်​ခိုက်​ခံ​နေရခြင်းက

ရန်​သူတစ်​​ထောင်​ထက်​ ပို​ကြောက်​စရာ​ကောင်းတယ်

ဆိုတာ ​နောင်​တတရား​တွေ​ကြားမှာ

လွတ်​လမ်းမရှိ​တော့​လောက်​​အောင်​ ပိတ်​​လှောင်​ခံရ​နေသလိုပါပဲ။



ဘာ​တွေပဲဖြစ်​ခဲ့ဖြစ်​ခဲ့ လက်​ရှိ ကျရာ​နေရာမှာ

ဖူးစာ​ရေးနတ်​မင်းက သတ်​မှတ်​​ပေးတဲ့သူနဲ့

မလုံမလဲ မဝံ့မရဲစွာဖြင့်​ ခရီးဆက်​ရအုန်းမှာ​ပေါ့

ကံကြမ္မာရယ်​.......။

ချစ်နှလုံးသားလက်ဆောင် | Ecency