Poor life

Words
44
Reading
1 min
Listen
Play
8y

လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ

လိုချင်လို့တော့ မရဘူး။

လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ

လိုချင်နေရင် ကိုယ်ကိုယ်တိုင်ကရော

ပြီးပြည့်စုံတဲ့ လူတစ်ယောက်လားဆိုတာ စဉ်းစားပါ။



တစ်ဖက်သားရဲ့ ကောင်းကွက်ကိုရှာရင်

ပေါင်းစရာမိတ်ဆွေ ပေါပါတယ်။

ဆိုးကွက်ကို ရှာနေပြီး အပြစ်တင်နေရင်တော့

လောကမှာ ပေါင်းသင်းစရာကောင်းတဲ့ လူဆိုတာ

ရှိမှာတောင် မဟုတ်ဘူး။

image

လူတစ်ယောက်က ဆိုးလာတယ်ဆိုတာ

အကြောင်းပြချက်ရှိသလို ပြောင်းလဲလာတယ်ဆိုတာလည်း

အကြောင်းပြချက်ရှိပါတယ်။

ကောင်းကွက်ကို ရှာသလို ဆိုးကွက်ကို ဖြည့်တွေးပေးနိုင်မှ

ပေါင်းသင်းဆက်ဆံရေးမှာ အသက်ဝင်လာမှာပါ။



အချစ်ရေးနှင့် အိမ်ထောင်ရေးမှာလည်း

ကောင်းကွက်ကို စံစားရသလို ဆိုးကွက်ကိုလည်း

သည်းခံ နားလည်ပေးနိုင်မှ သာယာတဲ့

ကမ္ဘာသစ်တစ်ခုကို တည်ဆောက်နိုင်မှာပါ။
image