Building Cryptocurrency mining

Words
33
Reading
1 min
Listen
Play
8y

အမြင့်​ဆုံး တိမ်​တိုက်​​တွေလည်း

လေပြင်းတိုက်​ရင်​ လွင့်​ပါး​ပျောက်​ကွယ်

သွားကြတာပဲ



အ​အောင်​မြင်​ဆုံး လူသား​တွေလည်း

သေမင်းနဲ့​တွေ့ရင်​ ဒူး​ထောက်​လိုက်​ရတာပဲ
image

အကြီးမားဆုံး ပင်​လယ်​သမုဒ္ဒရာ​တွေလည်း

မုန်းတိုင်းနဲ့​တွေ့ရင်​ ခဏတာ​တော့

အကြည်းတန်​သွားရတာပဲ



ကမ္ဘာ့အ​ချော​မောအလှပဆုံး လူ​သား​တွေလည်း

ဇရာ​ထောင်းလာရင်​ အလှတရားကို

အရှုံး​ပေးလိုက်​ရတာပဲ
image

ဘယ်​အရာမှ ​လောကကြီးမှာ

တည်​မြဲ​နေတယ်​ဆိုတာ မရှိသလို

ဘယ်​အရာမှလည်း အင်​အားအကြီးမားဆုံးဆိုတာ

မရှိပါဘူး



မမြဲခြင်းတရားမှာ

အရာအားလုံးက အချိန်​တန်​​တော့

မြူ မှုန်​​လေးလို ​ပျောက်​ကွယ်​သွားရတာက

နိယာမတစ်​ခုလိုပါပဲ

Building Cryptocurrency mining | Ecency