Words Status Feedback

Words
77
Reading
1 min
Listen
Play
8y

လူတစ်ယောက်က မင်းကို ဆဲတယ်

မင်းက ပြန်ဆဲနေရမှာမဟုတ်ဘူးလေ

မင်းအဆင့်အတန်းဘယ်လောက်မြင့်ကြောင်းကို

ယဉ်ကျေးစွာ ပြသလိုက်ပါ။



မင်းကို စိန်ခေါ်နေတဲ့လူတစ်ယောက်ကို

သူ့လို လူမိုက် လူရမ်းကားမဟုတ်ဘူးဆိုတာ

အများသိအောင် သည်းခံပြလိုက်ပါ

မင်းမရူံးပါဘူး သူအရှက်ကွဲသွားတာပါ။



မင်းကို မယှဉ်နိုင်လို့ ကွယ်ရာမှာ အတင်းပြောနေသူကို

မင်းအနေနဲ့ လိုက်ဖြေရှင်းပြစရာမလိုဘူးလေ

ခုထက်ပိုပီး မင်းဘဝတိုးတက်အောင်ကျြိုးစားပြလိုက်ပါ

ပြောနေတဲ့ ပါးစပ်တွေ ပိတ်သွားပါလိမ့်မယ်။



မင်းမေတ္တာကို စော်ကားပီး နောက်တစ်ယောက်

ပြောင်းချစ်သူသွားကို မုန်းတီးနေရမှာမဟုတ်ဘူးလေ

ခြံခုန်တတ်တဲ့သူနဲ့ စောစောစီးစီး လမ်းခွဲခဲ့ရလို့

မင်းပျော်နေပီး ကံကောင်းသွားကြောင်းကို ပြသလိုက်ပါ။



မင်းအတိတ်က အမှားတွေကို

နိုင်ကွက်လုပ်ပီး အနိုင်ယူနေသူကို ငြိမ်ခံနေရမှာမဟုတ်ဘူးလေ

အများအမြင်မှာ မင်းမှားခဲ့တဲ့အမှားတွေ

တကယ်ရော မှားခဲ့တာဟုတ်လို့လားလို့ သံသယဖြစ်သွားအောင်

မင်း ယခုလက်ရှိအချိန်ကို အကောင်းဆုံးနေထိုင်ပြသပါ။



မင်းအတင်းပြောနေသူ ၊ မင်းကို နိုင့်ထက်စီးနင်းအနိုင်ယူနေသူ

အကြောင်းအမျိုးမျိုးကြောင့် မင်း ခေါင်းငုံ့ခံနေသူရတွေဆီက

မင်း သင်ခန်းစာ ယူပီး အမြတ်ထုတ်တတ်ရင်

မခံချင်စိတ်ကြောင့် မင်းဘဝအများကြီး ပြောင်းလဲတိုးတက်သွားနိုင်တယ်။



တစ်ဖက်က အောက်တန်းကျကျတိုက်ခိုက်လေ

ကိုယ်က အထက်တန်းကျကျနေထိုင်ပြသမှ

တရားသော တုန့်ပြန်မှူ ၊ မှန်ကန်သော စိတ်ဓာတ်နှင့်

အဆင့်အတန်းမြင့်သော အနိုင်ယူနိုင်ခြင်းဖြစ်လာမှာပါ။

Words Status Feedback | Ecency