တို့ဝေးတယ်

Words
49
Reading
1 min
Listen
Play
9y

ကိုးပြစ်ရှိလည်းကြေပါ

ဆယ်ပြစ်ရှိလည်းကြေပါ

အရာရာကိုစိုးရိမ်ကြောင့်ကြ ပူဇော်ပသရင်း

သတ်ပုံလေးမှ မှန်အောင်မရေးတတ်ခင်

ဘဝရဲ့ကျောင်းမှာ တို့ဝေးတယ်။

ငါတို့ကံကြမ္မာက

ဘကြီးကလည်းစာမတတ်

မြေးဖတ်ပြတော့လည်းမယုံဆိုတာလိုပေါ့

ဘာမှရှေ့ဆက်မရတဲ့ တံတိုင်းတွေလေ

နှင်းတွေဝေနေတာမှ မဟုတ်တာ

တံတိုင်းတွေခြားနေတာမို့ တို့ဝေးတယ်။
image
တကယ်ပြောချင်တာကို မပြောပဲနေတာမျိုး

မဆိုင်တာတွေ စကားလွှဲတာမျိုးတော့

တို့နှစ်ယောက်စလုံးက ကျွမ်းကျင်တယ်

ချစ်တာကို မချစ်သလိုပြောရတာ

လွမ်းနေမှာကို မေ့သွားမှာပါလို့ပြောရတာ

ယုတ္တိမရှိပေမယ့်

ပြောထွက်အောင်ပြောကြရင်း တို့ဝေးတယ်။



သစ်ရွက်တွေကြွေသွားတဲ့ သစ်ကိုင်းလိုပေါ့

ဆုံးရှုံးမှုကြားမှာ

ပြန်လည်စိမ်းလန်းလိုခြင်းနဲ့

မင်းက နွေဦးထဲဆန့်တန်းလို့နေမလား

ငါကသာ ဆောင်းမှာခွေခေါက်ကျန်ခဲ့

အချစ်ရယ် တို့ဝေးတယ်။
အချစ်ရယ် တို့ဝေးတယ်

နာကျင်အချိန်ပိုတွေပြီးတော့လည်း

သေရာပါလွမ်းဆွတ်မှုနဲ့ ပွဲပြီးရတာပဲ

ခုနေခါ ပွဲပြီးပေမယ့်

မသေတဲ့မီးတွေစွဲလောင်ရင်း တို့ဝေးကြတယ်လေ။

တို့ဝေးတယ် | Ecency