လင်းရိပ်ကြောက်ရင်လည်း
အပျင်းစိတ်ဖျောက်လို့ ကြိုးစားလေ။
ပတ်ဝန်းကျင် အပင်တွေနဲ့
ယှဉ်ပြိုင်လာ အပေါ်ဖက်ဆီသို့
ရင်ဆိုင်ကာကျော်တက်လို့ရယ်
အခက်ခဲဆိုတာနောက်မှာနေ။
အပေါ်ရောက်ပြန်တော့
လေပြင်းဒဏ် တွန်းလှန်တိုက်ပြီမို့
မငိုက်ဖို့ အသိခြွေ
သတိတွေ ခိုင်ခိုင်ထား။ ။
သဘာဝပေမို့
ဘဝနေကွယ်ချိန်ရောက်ရင်ဖြင့်
အလှတွေ ပြယ်မှိန်ပျောက်သော်လည်း
အပင်ပေါက်တွေ စီရရီနဲ့
မြေညီမှာ ရေကြည်သောက်ပါလို့
နေဆီအရောက် ထိုးတက်ကာလှမ်းလေတော့
အဘိုးထက်သာ ထက်မြင့်နန်းဆီသို့
မျိုးဆက်ကာ လက်ဆင့်ကမ်းလို့ရယ်
လန်းပွင့်စေသား။ ။