တစ်နေ့ မဂ္ဂဇင်းစာအုပ် တစ်အုပ်၌ ပင်လယ်ကူး
သင်္ဘောလိုက် အသက်မွေးဝမ်းကြောင်းပြု လျှက် စာတို
ပေစ လေးများရေးလေ့ရှိသည့် မောင်မောင်{ဘာသာပြန်}ရေးသည့် အကြောင်းရာလေး စိတ်ဝင်စားစရာကောင်း
၍ မှတ်သားထားသည်လေးကို မိမိနိုင်ငံသားများ အတု
ယူဖွယ်ကောင်း၍ ပြန်လည် မျှဝေသည်။
တစ်နေ့ သူတို့သင်္ဘော ကျွန်လေးတစ်ကျွန်း ဆိပ်
ကမ်းကပ်၍ ကုန်ချမည် လုပ်နေတုန်း။
ငါးမျှားချနေသည့် လူမဲလေးတစ်ယောက်၏ လုပ်ပုံကိုင်ပုံ
လေးအား စိတ်ဝင်စား၍ အနားကပ်သွားပြီး ဘာဖြစ်လို့ ရ
သမျှငါးတွေကို အကုန်မယူပဲ ပေတံနှင့်တိုင်းလိုက် ပြန်
လွတ်လိုက် လုပ်နေတာတုံး။
သြော်ဒါလား ကျွန်တော်တို့နိုင်ငံရဲ့သားငါးဥပဒေ
မှာ ၆လက္မမပြည့်ရင် မဖမ်းရလို့ ထုတ်ပြန်ထားလို့ပါ။
လူမဲလေး၏ လုပ်ရပ်သည် အတုယူဖွယ်ကောင်းတာ
ထက် လိုက်နာရသည်ကို လိုက်နာနေသည်က လေးစား
စရာကောင်းနေသည်။
သူတစ်ယောက်ထဲရှိနေသည့် ကိစ္စ ဘယ်သူသိ
မှာတုန်း ရသမျှငါး အကုန်ယူတော့ကော ဆိတ်ကွယ်ရာ
ဆိုပြီး မဟုတ်တာမလုပ်။
ဗုဒ္ဓဘာသာမဟုတ်သော လူမဲလေးသည် ဗုဒ္ဓတ
ရား အဆုံးအမနှင့် ကိုက်ညီနေသည်။
မိမိတို့ဆီမှာတော့ ရသမျှငါးအကုန်ရရင်တောင် နည်းသေးတယ်ထင်မည်။
မြန်မာလူမျိုး တစ်ချို့အဖို့အတွက် ဗုဒ္ဓဘုရားဘက်က
ကြည့်လျှင် နေရာလွဲပြီး ပွင့်လာရသည်နှင့်တူလှသည်
ဆရာဒကာ လွဲနေသည်ဟု ထင်မိသည်။
လောကုတ္တရာ စည်းကမ်းကိုအသာထား၍ လောကီစည်း
ကမ်းတောင် ကိုယ်အကျိုးမမြင်ပါက လိုက်နာရန် ဝန်လေးတတ်သည့် လူမျိုးများ ဖြစ်သည်။
ကျွနုပ်တို့ ဘာသာ တရားဓမ္မ အဆုံးအမများ အတိုင်း
ထက်အလွန်ကောင်းလှသည်။
သို့သော် ပြည့်ပြည့်ဝဝ လိုက်နာမည်သူသည် အနည်းစု
သာဖြစ်တော့သည်။