သိရှိခြင်း

Words
41
Reading
1 min
Listen
Play
9y

ကျွန်တော့စိတ်ထဲမှာ လိပ်ခဲတည်းလဲဖြစ်နေတာတစ်ခုရှိတယ်ဗျ မေးကြည့်တဲ့ သူတိုင်းဟာလည်း ဝေဝေဝါးဝါးနဲ့ တိကျတဲ့ အဖြေမပေးနိုင်ကြဘူး.... ကျနော့် အသိထဲက အပေါင်းအသင်းများသိခဲ့သည် ရှိသော် ဖြေပေးစေချင်ပါတယ် ခင်ဗျာ....

မုန့်ဖက်ထုပ်ရောင်းတဲ့သူတွေကို ကျနော်သတိထားကြည့်မိတာကြာပါပြီ တခြားအချိန်တော်တော်များများမှာ သကြားမုန့်ဖက်ထုပ် ပူပုလေးဆိုတဲ့ အော်သံကို မကြားရသလောက်ရှိပါတယ်.....

သကြားမုန့်ဖက်ထုပ် ပူပူလေးလို့ အသံကြားရတဲ့အချိန်ဟာ အမြဲလိုလို မိုးတွင်း ဉည့်နက်ချိန်များသာဖြစ်နေတတ်ပါတယ် ညဘက်ရောင်းတာ အဓိကမဟုတ်ပါ မုန့်ဖက်ထုပ်မှာ ပါဝင်ပစ္စည်းအားလုံးဟာ ရာသီမရွေး ဝယ်ယူလို့ရပါသော်လည်း အဘယ့်ကြောင့် မိုးတွင်းမှာမှ သကြားမုန့်ဖက်ထုပ်သယ်များရှိနေပါသလဲဆိုတဲ့ အတွေးဟာ ငယ်ငယ်ကလေးထဲက စဉ်းစားမရဖြစ်နေခဲ့လို့ပါ....

သိသောသူများဖြေပေးကြပါနော်.....

photo google
image

သိရှိခြင်း | Ecency