ရှိခဲ့ဖူးတာပေါ့

Words
31
Reading
1 min
Listen
Play
8y

ရှိခဲ့ဖူးတာပေါ့

ဒီခုံတန်းလေးမှာနှစ်ယောက်

အတူတူထိုင်ပြီး

ထွေရာလေးပါး ပြောဖို့ စိတ်ကူးတွေ ...

ရှိခဲ့ဖူးတာပေါ့

တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး

အတူတူ ကြည်နူးချင်တဲ့ အချိန်လေးတွေ ...

ရှိခဲ့ဖူးတာပေါ့

နင်ပေးတဲ့ လက်ဆောင်လေး ကို

ဖွင့်ကြည့်ပြီး ပျော်ချင်တဲ့

အခိုက်အတန့်လေးတွေ ...

ခုတော့လည်း ခုံတန်းလေးပေါ်မှာ

စိတ်ကူးလေးတွေကို

စာစီရင်း ငါတစ်ယောက်တည်း

ပျော်နေတတ်ခဲ့ပြီ ...

images.jpg
credit; https://www.savvysurf.co.uk/garden-furniture/steel-benches/swinging-garden-chair.html
steemitarrman@steemitarrman

ရှိခဲ့ဖူးတာပေါ့ | Ecency