တန်ဖိုးထားတတ်ပါစေ

Words
70
Reading
1 min
Listen
Play
8y


Images Credit - Original Source
အပျိုစင် မိန်းကလေးကို လိုချင်တာလား မရှာပါနဲ့။
ကိုယ်ကျင့်တရား ကောင်းတဲ့ယောက်ျားကိုမှ လိုချင်တာလား မရှာပါနဲ့။
မိတ်ဆွေစစ်မိတ်ဆွေကောင်းကို မျှော်လင့်နေတာလား မရှာပါနဲ့။
ပညာတတ်ပီး ချမ်းသာသူကိုမှ လက်ထပ်ချင်တာလား မရှာပါနဲ့။
ထင်ပေါ်ကျော်ကြားပီး ဝင်ငွေကောင်းတဲ့သူကို ပိုင်ဆိုင်ချင်တာလား မရှာပါနဲ့။
လောကကြီးက လူသားတွေအပေါ်မှာ မျှတပါတယ်(၅ဝ)ပေးပီး (၁၀၀) လိုချင်ရင် ရခဲ့တယ်ထားအုံးတော့ ရေရှည်မပါပါဘူး။ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတာက ကိုယ့်အပေါ်မှာ ၁၀၀ရာခိုင်နှုန်း မူတည်နေပြီး ကိုယ်ကောင်းရင် လူကောင်းနဲ့ တွေ့ဆုံရမှာပါ။
တစ်ခါတလေ ကိုယ်ကအကောင်းဆုံး လူပီသအောင်နေနေပါလျက်နဲ့ မကောင်းတဲ့သူနဲ့ ရေစက်ဆုံ တွေ့ရတာတွေလည်း ရှိနေတတ်တယ်။ ဒါကလည်း ဝမ်းနည်းစရာတော့ မဟုတ်ဘူး ထင်ပါတယ်။ ကိုယ်ယူခဲ့တဲ့ အကြွေး ကိုယ်ပြန်ပေးရတာပဲလေလောကကြီးက မျှတပါတယ်။
ကိုယ်သာ လူကောင်းဖြစ်အောင်ကြိုးစားပါသင်နဲ့ ထိုက်တန်သူက ရှာစရာမလိုဘဲ လိပ်စာမေးပီးရောက်လာပါလိမ့်မယ်။
ကိုယ်ကိုယ်တိုင်သာ ကိုယ်နဲ့ထိုက်တန်သူကိုတန်ဖိုးသိပီး တန်ဖိုးထားတတ်ဖို့ပဲ လိုတာပါ။ အကယ်၍ တန်ဖိုးမထားခဲ့ဘူးဆိုရင်တော့အခွင့်အရေး ဆိုတာ ဘယ်တော့မှ နှစ်ကြိမ်ပေးရိုး ထုံးစံမရှိပါတန်ဖိုးသိပီး တန်ဖိုးထားတတ်ပါစေ။

တန်ဖိုးထားတတ်ပါစေ | Ecency