လွတ်လပ်စွာပျံသန်းမယ်

Words
79
Reading
1 min
Listen
Play
8y

6206945310_61670c14fe_b.jpg
Images Credit - Original Source

အချစ်ဆိုတာ
ချစ်တိုင်းလည်း မညား
ညားတိုင်းလည်း မချစ်သလို
ပေးတိုင်းလည်း ယူမရ
ယူချင်ပေမယ့်လည်း
ပေးလို့ မရတဲ့ အခြေနေမျိုးတွေးလည်း
ရှိတတ်တယ် သေးတယ်..။

သစ္စာရှိပါလို့  ပြောနေပေမယ့်
ငါကိုယ်တိုင်ဘာမှန်းမသိတဲ့  ဒီသစ္စာ
ကြာလာတော့လည်း
အနှစ်မပါတဲ့  ကြက်ဥလိုပဲ
စားရတာ ပေါ့ပျက်ပျက်နဲ့ 
အရာသာတွေမဲ့ လွန်းတယ်..။

ဒဏ်ရာဒဏ်ချက်တွေ များခဲ့လို့
ခံစားချက်တွေက မတန်မရာ
အဖန်ဖန်နာကျင်နေလည်း
အတတ်ဆန်းချင်သေးတယ်
ငါကအချစ်ကို ပေါ့ပေါ့လေးရေး
ကလေးတစ်ယောက်လို
ပေါ့ပေါ့လေးပဲ တွေးခဲ့ မိတာ
ငါ့အချစ်က ရိုးရှင်းတယ်
နင့်ဆီက ဘာမှကိုမလိုချင်ခဲ့ ဘူး..။

ငါ့အတွက်နဲ့
တစ်စုံတစ်ယောက်
အသဲမကွဲခဲ့ ဖူးဘူး
စိတ်မညစ်ခဲ့ ဖူးဘူး
တစ်စုံတစ်ယောက်ကပဲ
ငါ့အသဲကို ပက်ပက်စက်စက်ခွဲခဲ့တာ..။

ဒါပါပဲဗျာ
အချစ်ဆိုတာ ငါအတွက်တော့
နာကျင်မူကလွှဲပြီး ဘာမှမရလိုက်ပါဘူး
ချစ်ခြင်းတွေ နေဝင်သွားတဲ့  ဒီနှလုံးသား
အရာအားလုံး အမှောင်ဖုံးသွားတယ်
ဒါပေမယ့် ငါလွှတ်လပ်စွာ ပျော်ရွှင်ခွင့်ရသွားတယ်..။

Seagull_flying_(1).jpg
Images Credit - Original Source

လွတ်လပ်စွာပျံသန်းမယ် | Ecency