အောက်တန်းကျမဲ့ လူတွေအတွက်

Words
95
Reading
1 min
Listen
Play
9y

image
အောက်တန်းကျတဲ့ အတွေးအခေါ်တွေနဲ့ လူတစ်ယောက်ကို ချနင်းဖို့ဆိုတာ ပထမအဆင့် ယုတ်မာကောက်ကျစ် တတ်ဖို့ လိုတယ် ။ ဒုတိယ အဆင့် ကိုယ့်လိပ်ပြာကိုယ် လုံဖို့လိုတယ် ။ တတိယ အဆင့် အကုသိုလ်များများရှိထားဖို့ လိုတယ် ။
ပထမအဆင့် ယုတ်မာကောက်ကျစ်တယ် ဆိုတာ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်နောင်တ မရရဘူး နောင်တဝင်သွားရင် သနားပြီး ယုတ်မာကောက်ကျစ်မဲ့ အစီအစဉ်တွေ ပျက်သွားတတ်တာကို
ဒုတိယအဆင့် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ဆိုတာက ယုတ်မာကောက်ကျစ်ပြီး သွားရင် ဘယ်သူများ သိသွားပါလိမ့် ဆိုတဲ့အတွေးတွေ ဝင်ပြီး ကိုယ့်လိပ်ပြာကိုယ် မလုံဖြစ်လာရင်
ယုတ်မာကောက်ကျစ်တဲ့ အစီအစဉ် ပျက်သွားနိုင်တာကို အဲဒီအခါ သူနဲ့ ပတ်သတ်တဲ့ အကောင့်တွေ ဖျက်ဖို့ ကြိုးစားရ
တော့တာပေါ့ အကောင့်တစ်ခု ပျက်တယ်ဆိုတာ
လူတစ်ယောက်ရဲ့ ဘဝ ပျက်သွားတာမှမဟုတ်တာ
နာမည်ဖျက်တဲ့နည်းလမ်းကျင့်သုံးရတော့တာပေါ့ နာမည်ဖျက်ဖို့အတွက် နည်းလမ်းများစွာ ရှိတာပေါ့ ။ နာမည်တစ်ခုကို
ဘယ်လိုဖျက်မလဲ ပုံစံတူလုပ် ပြီးဖျက်မလား အတင်းအဖျင်းတွေ ဖြန့်မလား ယုတ်မာတဲ့နည်းလမ်းတွေ နဲ့ ပေါ့ ။
တတိယအဆင့် အကုသိုလ်များရမယ် အကုသိုလ်များမှလည်း ယုတ်မာကောက်ကျစ်တဲ့အခါ အဆင်ပြေပြေနဲ့ အောင်မြင်နိုင်တာ မို့လို့ပါပဲ ။
ဒါကြောင့် သူတစ်ပါးကို ချနင်းမယ်ဆိုရင်
ပထမအဆင့် ယုတ်မာကောက်ကျစ်ပါ ဒုတိယအဆင့်လိပ်ပြာလုံအောင်ထားပါ တတိယအဆင့် အကုသိုလ်များအောင် နေပါလို့ အကြံပေးလိုက်ပါရစေ။

image

Writing by soppyman@soppyman
Photo by google

အောက်တန်းကျမဲ့ လူတွေအတွက် | Ecency