ဒီနေ့တော့အဖေနေရာရောက်လာမဲ့ ယောကျာ်းကောင်းတွေသိဖို့ဒီပို့လေး ရေးလိုက်ပါတယ် နေညိုရင်လေပြိုတယ်ဆိုတဲ့ လူတွေရဲ့စကားအတိုင်း ညနေတစ်ညနေမှာအောင်အောင်ရဲ့အဖေ ဦးထွန်းလူလေပြို လာခဲ့တယ် မူးလာတဲ့သူတွေရဲ့ထုံးစံအိုင်းရစ်တာပေါ့ အောင်အောင်အမေဒေါ်စံပယ်နဲ့ မခံနိုင်တဲ့အဆုံး စကားများပါလေရော........
ပတ်ဝန်း ကျင်ကရှိနေတော့ အောင်အောင်အဖိုးကဝင်ထိန်းတဲ့အခါဦးထွန်းလူ အိမ်က နေ အပြင်ခဏထွက်သွားပါတယ် အဲဒီအချိန်မှာ အောင်အောင်အဖိုးကသူသမီးဒေါ်စံပယ်ဆုံးမပါတယ် အောင်အောင်တယောက်အဖေနဲ့အမေစကားမျာနေတော့အနားမကပ်ရဲပဲ အဖိုးပြောတဲ့စကားတွေကို ခိုးနားထောင်နေခဲ့တယ်သူဘဝမှာလုံးဝမေ့ပျောက် လို့မရတဲ့စကားလုံးတွေဖြစ်ခဲ့တယ် " ဟဲ့ စံပယ် ယောကျာ်းဆိုတာ မိန်းမကထိန်းသိမ်းပြုပြင်ရတာ ငါလည်းအရင်ကအရက်သောက်တာပဲ နင်တို့အရွယ်ရောက်တော့ ငါ့သားသမီးကို အရက်သမားသား အရက်သမားသမီး လို့ပတ်ဝန်းကျင်က အပြောခံနိုင်လို့ အိမ်မှာသူများမသိအောင်သောက်တယ် နောက်ဆုံး မရ ရအောင်ဖြတ်ပစ်ခဲ့တယ် နင့်မှာသားသမီးတွေကြီးလာပီ နင့်ယောကျာ်းကို နားချတော့တဲ့ " အောင်အောင်အဖေကို ဒေါ်စံပယ် နားချမချတော့ မသိပါ အောင်အောင်တယောက်တော့ တော်တော်လေး နားကျသွားတယ်...........
ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုရင် သူကိုယ်တိုင် သူ့အဖေ့ရဲ့အငွေ့အသက်ကိုခံစားနေခဲ့ရတယ် စာတွေဘယ်လောက်ကြိုးစားကြိုးစား ဆုတွေဘယ်လောက်ရနေပါစေ လူကြားထဲမှာသိမ်ငယ်ခဲ့ရတယ် ဒါကြောင့် "ငါ့အလှည့်ကျရင် ငါ့သားသမီးကိုအရက်သမားသား အရက်သမားသမီးလို့ အခေါ်မခံရအောင် ငါ့သားသမီးကို လူတွေအလယ်မှာ ငါ့လိုမသိမ်ငယ်စေရဘူး လို့"ဆိုပီး သူ့ကိုသူထိန်းကျောင်းခဲ့တယ်........
ဒါကြောင့် အဖေဆိုတာမိသားစုအတွက်ပိုက်ဆံရှားပေးတဲ့တာဝန်တစ်ခုပဲမဟုတ်ပါ " အဖေဆိုတာ သား သမီးတွေရဲ့ ဒုတိယဘုရားသခင်ပါ"
အဖေနေရာမှာနေနေတဲ့ ဖခင်အားလုံးလည်းဘသားသမီးတွေရဲ့ရင်ထဲကခံစားချက်ကိုသိကြပါစေ..............
တနေ့နေ့ မှာဖခင်နေရာကို မဖြစ်မနေရောက်လာမဲ့ ယောကျာ်းအားလုံးအတွက်......
ဖခင်ကောင်းတွေဖြစ်ပါစေလို့ဆုတောင်းပေးလျက်.....
Msc 236
@soeyan