ဘာအရေးကြီးဆုံးလဲ

soeyan(47)
Published in
#myanmar
Words
166
Reading
1 min
9y
Listen to this post
~1 min

ဒီနေ့တော့ လူတွေ အတွက်သေခါးနီးစိတ်က ဘာကြောင့် အရေးကြီးသလဲဆိုတာကိုပြောပြချင်ပါတယ် လူတွေဟာဘဝကူးကောင်းအောင်ဆိုပြီး လှူကြ သီလစောင်ထိန်း ကြ ဘာဝနာပွားကြတာတွေလုပ်ကြတယ် ဘာလို့လှူတာဘည်းမေးရင် နောက်ဘဝချမ်းသာချင်လို့ ဖြေကြတယ် ဘာလို့ သီလစောင့်တည်တာလဲမေးရင် အသက်ရှည်ချင်လို့ သီလစောင့်တယ်လို့ဖြေကြတယ် ဘာဝနာပွားတာကြတော့ သမာဓိရအောင် နောင်ဘဝဲဗြမ္မာဖြစ်ချင်လို့ ဖြေကြတာများပါတယ် image
ဒိဌိ မပြုတ်သေးတဲ့ လူအတွက် ဒါန သီလ ဘာဝနာ ဘယ်လောက်လုပ်လုပ် ဘဝကူးမကောင်းနိုင်ပါဘူး ဘာကြောင့်လဲဆိုရင် သေခါးနီးပေါ်လာတဲ့ ကံ ကံမနိမိတ် ဂတိနိမိတ် ကိုမကျော်လွှားနိုင်ကြလို့ပဲ ဥပမာပေးရရင် ရေကန်ပေါင်း ၈၄၀၀၀ ရေတွင်းပေါင်း ၈၄၀၀၀ လှူခဲ့တဲ့ အသောက မင်းကြီးတောင် သေခါနီး မှာ သူ့ဘေးဘယ်သူမှ မရှိတော့ လှုပ်လည်းမလှုပ်နိုင် ဘေးနားကဇီးဖြူသီးလေးကိုတွေ့ပြီး ငါပိုင်တာဆိုလို့ဇီးဖြူသီး အနွမ်းပဲရှိပါလားဆိုပီး ကုက္ကုစ(နောင်တ) နဲ့သေတော့ ငရဲကျ ရတယ် image
ကဿဖ ဘုရားရှင်လက်ထက် အနှစ် ၂၀၀၀၀ သီလစောင့်ထိန်းခဲ့တဲ့ ရဟန်းဟာ သေခါနီးမှာ သူရဲ့သီလကိုဆင်ခြင်ကြည့်တဲ့အခါ ရေကန်ကိုလှေနဲ့ဖြတ်ကူးစဉ်အခါက လှေလူးလို သဖန်းမြက်ကို လှမ်းဆွဲလိုက်တဲ့ အာပါတ် တစ်ခုရှိနေတာကို သတိရမိတော့ ငါအာပါတ်ကြီးရှိနေပါလား ဆိုတဲ့စိတ်နဲ့ သေရောအဲ့ရေကန်မှာပဲ နဂါးမင်း သွားဖြစ်ရတယ် image
ဒီလောက် ဒါန တွေလုပ် သီလစောက်တည်တဲ့လူတွေအပါယ်လေးဘုံ ဘာကြောင့်သွားရသလဲဆိုရင် သေခါနီးပေါ်လာမဲ့ ကံ ကံမနိမိတ် ဂတိနိမိတ်ကို မသိကြလို့ပေါ့ သတ္တဝါတွေ ဟာ မသေခင်ကိုယ်ရောက်ရမဲ့ဘဝကို အရင်မြင်ပါတယ် ဘာကြောင့်လဲဆိုရင် ကံ ကံမနိမိတ် ဂတိနိမိတ်ကြောင့်ပါပဲ
လေဘနဲ့သေ ပြိတ္တာပြည် မသွေရောက်တတ်သည်၊မောဟနဲ့သေ တိရစ္ဆာန်ြ ပည် မသွေရောက်တတ်သည်၊ ဒေါသနဲ့သေ ငရဲပြည်မသွေရောက်တတ် သည် ဆိုတဲ့ အဆုံးအမကိုကြားဖူးကြမှာပါ ဘယ်ကလာလည်းဆိုရင် ကံ ကံမနိမိတ် ဂတိနိမိတ်ကလာပါတယ်
ဥပမာပြောရရင် အသောကမင်းကြီး သေခါနီးဇီးဖြူသီးကိုမြင်တယ် ဇီးဖြူသီးက ကံမနိမိတ် မြင်ပီးယုံနဲ့မပြီးဘူး ငါလိုဧကရာဇ်မင်းတစ်ပါးဟာအခုချိန် ငါပိုင်တာဆိုလို့ဇီးဖြူသီးပဲရှိပါလားလို့ နောင်တ ရတယ် နောင်တက ဒေါသကံ ဒေါသကြောင့်မြင်နေရတဲ့ ငရဲက သူရောက်ရမဲ့ ဂတိနမိတ် အဲ့လိုပဲ နဂါးမင်း ဖြစ်သွားတဲ့ရဟန်းဟာလည်း သေခါနီး သဖန်းမြက်ကိုမြင်တယ် ကံမနိမိတ် မြင်ပီးမပီးဘူး ငါမှာအာပတ်ကြီးနဲ့ပါလားဆိုပီးဘာလုပ်ရမှန်းမသိတော့ မောဟဖြစ်နေတယ် မောဟက ကံ မောဟကြောင့်ရောက်သွားရတာက တိရစ္ဆာန်ဘဝပါ image
ဒီလောက်ဆိုရင်တော့ သေခါနီး ကံ ကံမနိမိတ် ဂတိနိမိတ်ဘယ်လောက်အရေးကြီးလည်း သဘောပေါက်လောက်ပီထင်ပါတယ်
image
ဒါတွေကိုလေ့လာမယ်ဆိုရင် သေခါနီးမှာ ငါတွေထပ်နေတာတွေ့ရလိမ်မယ် ဒါကြောင့်သေခါနီး အပါယ်လေးပါးနိမိတ်တွေမလာဖို့ ငါဖြုတ်ဖို့လိုပါတယ် ငါဖြုတ်ဖို့ဆိုရင် အကြောင်းအကျိုးသိဖို့လိုမယ် အကြောင်းအကျိုးကိုသိဖို့ ဝိပဿနာ တရားအားထုတ်ရပါမယ် ဝိပဿနာ တရားအားထုတ်မှ ဘဝကူးကောင်းနိုင်မယ် လို့သတိပေးရင်း image
Steemit အဖွဲအားလုံးကိုကျေးဇူးတင်လျှက်
Msc 236
soeyan@soeyan
Photo facebook

ဘာအရေးကြီးဆုံးလဲ | Ecency