ဒီနေ့ကျွန်တော်ပြောချင်တာကတော့ မြန်မာပြည်ကိုဘာကြောင့်ချစ်ရလဲဆိုတဲ့အကြောင်းအရင်းကိုပြောချင်ပါတယ် ကျွန်တော်ကတော့ နိုင်ငံခြားကိုပညာတော်သင် ဒါမှမဟုတ်အလည်ခရီးကလွဲပြီး ငွေရဖို့အတွက်နဲ့ နိုင်ငံခြားမှာဘယ်တော့မှအလုပ်မလုပ်ဘူးလို့ အရွယ်ရောက်ကတည်းက ဆုံးဖြတ်ချက်ချထားပါတယ်
ဆုံးဖြတ်ချက်ကိုခိုင်မာစေတဲ့ အချက်ကတော့ မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုလေ့လာလိုက်စားတဲ့အခါမှာပိုခိုင်မာစေခဲ့ပါတယ်
ဗုဒ္ဓဘာသာဝင်တိုင်း ၃၈ ဖြာမင်္ဂလာတရားတော်ကို ကြားဖူးကြမှာပါ အဲ့အထဲမှာမှ "ကုသိုလ် ပညာ ဥစ္စာ ရဖို့ သင့်ရာဒေသ အမြဲနေ"တဲ့ အခုနာမည်ကြီးနေတဲ့နိုင်ငံခြားမှာ အဲ့ ၃မျိုး စလုံးရလား ကုသိုလ် အကုသိုလ်ရော ခွဲခြားသိလား ၊ပညာ၂မျိုးမှာ လောကီပညာတော့ရမယ် လောကုတ္တရာပညာဆို ကြားတောင်ကြားဖူးမယ်မထင် ထူးခြားတာကတော့ ဥစ္စာတော့ရှာလို့ကောင်းမယ့်နေရာပါ
ကျွန်တော်တို့နိုင်ငံမှာ ကုသိုလ် အကုသိုလ်တွေခွဲခြားသွန်သင်ဆုံးမပေးမဲ့ဆရာတော်တွေရှိတယ် လောကီလောကုတ်ပညာ ၂ရပ်လုံးလည်းရှိတယ်
ဥစ္စာလည်းထိုက်သင့်သလောက်ရှာလို့ရတဲ့အတွက် ဘုရားရဲ့အဆုံးအမနဲ့ တစ်ထပ်နည်းကျတဲ့ မြန်မာပြည်ကိုချစ်တယ် နောက်ထပ်အားကိုးရာ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေ ရှိတယ် ဘာတွေလဲဆိုတော့ဘုရားရတနာ တရားရတနာ သံဃာရတနာ ဆိုတဲ့ ရတနာကြီသုံးပါးရှိတယ် အသေလွတ်ရာကိုညွှန်ကြားပြသပေးခဲ့လို့ ဘုရားကိုအားကိုးပါ၏ အသေလွတ်ရာကိုပို့တတ်လို့ တရားကိုအားကိုပါ၏ အသေလွတ်ရာကို ကိုယ်တိုင်ကျင့်ကြံ ထိန်းသိမ်းပြီးသူတစ်ပါးအားပြန်လည်လမ်းညွှန်ပေးတတ်လို့ သံဃာအား အားကိုးပါ၏ ဆိုတဲ့ ရတနာတွေရှိနေရဲ့သားနဲ့ "လမ်းခင်းကျောက်"ကိုကျွနိတော်သွားမကောက်ချင်တော့ပါဘူး
ဒါပေမဲ့ ကိုယ့်ဆီမှာရတနာတွေ ရှိရဲသားနဲ့လမ်းခင်းကျောက်ကောက်နေတဲ့လူတွေ အများကြီးရှိနေတာမြင်တော့ စိတ်မကောင်းဖြစ်မိတယ်ဗျာFB_IMG_1519358799835.jpg
ပုံပြင်တစ်ခုဖတ်ဖူးတယ် ကြွက်၂ကောင်ရှိတယ် တကောင်ကအပြင်မှာတစ်ကောင်က လှောင်အိမ်ထဲမှာ အလှမွှေးထားတာ အလှမွေးထာတဲ့ကြွက်က အစားကလည်းမှန် ကောင်းကောင်းစားနေရတာကို အပြင်ကကြွက်ကအားကျသတဲ့ အဲ့တာနဲ့ လှောင်အိမ်ထဲကကြွက် ကို ဟေ့ကောင် ငါမင်းကိုအားကျတယ်ကွာ ဘာဖြစ်လို့လဲလို့ အထဲကကြွက်ကပြန်မေးလိုက်သတဲ့ မင်းကအစာလည်းရှာစားစရာမလို ကောင်းကောင်းစားကောင်းကောင်းအိပ်ရတယ် အစားကောင်းအသောက်ကောင်းတွေလည်းစားရတယ် ငါ့မှာ ဝမ်းစာအတွက်မနည်းရှာစားနေရတယ်တဲ့ ဒါဆိုမင်းနဲ့ငါနေရာချင်လဲမလားလို့ လှောင်အိပ်ထဲကကြွက်ကမေးလိုက်တဲ့အခါ အပြင်ကကြွက်အံ့သြသွားပြီး ဘာဖြစ်လို့အဲ့လိုပြောတာလဲမေးလိုက်သတဲ့ လှောင်အိမ်ထဲကကြွက် ကမင်းကလွတ်လပ်လပ်နေလို့ရတယ် ကိုသွားချင်တာသွား ကိုလုပ်ချင်တာ အိပ်ချိန်တန်အိပ်လို့ရတယ်တဲ့ အဲ့စကားကိုကြားပြီး အပြင်မှာနေတဲ့ ကြွက်ဟာ အသိတစ်ခုရပြီး ပြန်သွားတော့သတဲ့ အဲ့ပုံပြင်လေးကို ဖတ်ပြီး ကျွန်တော်လည်း အသိတစ်ခုရလိုက်တယ် လူတွေဟာငွေတစ်ခုထဲအတွက်နဲ့ နိုင်ငံခြားထွက်ပြီးတခြား တန်ဖိုးရှိတဲ့နေရာတွေ မေ့နေတတ်ကြတယ်
ကျွန်တော်ကတော့ မြန်မာပြည်ကြီးမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရနိုင်တာသိရဲသားနဲ့ ကျောက်စလစ်ခဲသွားမကောက်ချင်သလို ကိုယ့်မြန်မာပြည် ဘာကြောင့်ချစ်တာလဲဆိုတာဘာကြောင့်ချစ်သင့်သလဲဆိုတာပိုမိုသိလာပါတယ်
ဒါကကျွန်တော့်ခံယူချက်ဖြစ်လို့ အမှားပါရင်ခွင့်လွတ်ပါခင်ဗျာ
Steemit အဖွဲ့ဝင်အားလုံးစိတ်၏ကျန်းမားခြင်းကိုယ်၏ကျန်မားခြင်း ၂ဖြာသောသုခနှင့်ပြည့်စုံနိုင်ကြပါစေ
Msc 236
@soeyan
Photo facebook