Thinking

Words
80
Reading
1 min
Listen
Play
8y

ဒီတစ်ခါ promotion လေးကိုတော့ msc member ဝင်များရဲ့ဆွေးနွေးတဲ့အချက်လေးတွေကို သိချင်လို့ရယ် ကျွန်တော်နားမလည်တဲ့အရာတွေကို msc member ဝင်းများအားမေးချင်လို့ရေးသားခြင်းဖြစ်ပါတယ်။
image
crd facebook photo
ယခုခေတ်တွင်မူ အရွယ်မရောက်သေးသောလူငယ်များကပင် sex ကိစ္စကို အကျွမ်းတဝင်ဖြစ်လာကြတယ်။ online ပေါ်တွင်တွေ့ရသော sex video များသည် ယခင်က တခြားနိုင်ငံများတွင်သာ တွေ့ခဲ့ရပြီး ယခုခေတ်တွင်မူ မြန်မာနိုင်ငံထိပါ ကူးစက်ပြန့်ပွားခဲ့တယ်။ ရှေးလူကြီးများက ပြောကြတယ် ငါတို့သည် အသက်န့လူလုပ်တာမဟုတ် အရှက်နဲ့လူလုပ်လာကြတာ။သူတို့၏အသက်ထက် အရှက်ကိုပို၍ဦးစားပေးကြတယ်။ယခုခေတ်တွင်မူ ရှေးထုံးကိုလဲ မပယ်နဲ့ဈေးနှုန်းကိုလဲမကြွယ်နဲ့ဆိုတဲ့စကားပုံဟာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသလိုပဲ မသိတဲ့သူတွေများပြားလာခဲ့တယ်။ online ပေါ်တွင်တွေ့ရသော ကာမဆက်ဆံသော အရာတွေက သူတို့မည်သို့ကြောင့်ပြုလုပ်ကြတာလဲ။ မိဘမျက်နှာကိုမထောင့်ကိုယ်လုပ်ချင်တာလုပ်ကြတယ်။လူသိရှင်ကြားဖြစ်ကြတော့ မိဘတွေက ပတ်ဝန်းကျင်မှာဘယ်လိုနေကမလဲ မစဉ်းစာခဲ့ကြဘူး။သားသမီးမကောင်း မိဘခေါင်းဆိုတဲ့အတိုင်း မိဘကသွန်သင်ဆုံးမမှုမရှိတာကြောင့်လားလို့ စဉ်းစားမိတယ်။ တစ်ချို့ကမိမိ ချစ်သူနှင့် sex ဖြစ်ပြီး အလွန်အကျွန်ဖြစ်ပြီးကိုယ်ဝန်ရလာကြပြီး မည်သို့ပြုလုပ်ကြလဲ။online ပေါ်မှာဆိုရင် ကိုယ်ဝန်ဖျက်ကြသောအခါ ကလေးငယ်တွေခဗျာ သေဆုံးကြရတယ်။အတော်ပင်ဝမ်းနည်းစရာကောင်းတဲ့အရာတွေပါ။
image
crd facebook pboto
နောက်တစ်ခုကတော့ လူတိုင်းလူတိုင်းကြုံတွေ့နေရတဲ့ဆဲဆိုတဲ့အရာတွေပါ။ယခုခေတ်တွင်မူ ဆဲဆိုခြင်းက online ပေါ် facebook ပေါ် game တွေမှာပါတွေ့ကြရတယ်။မိမိတို့ပတ်န်းကျင်မှာလဲ ဆဲဆိုနေတဲ့အသံတွေပါကြားနေရမှာအမှန်ပါပဲ။ဒါတွေကိုဘယ်သူတွေကသင်ပေးတာလဲ။ကလေးငယ်တွေကပါဆဲဆိုလာကြတယ်။အတော်ပင်ဆိုတဲ့အရာတွေပါပဲ။
ဒါလေးတွေကို အကြံပြုပေးကြပါဦး။စာတိုသွားလို့တောင်းပန်ပါတယ်။
image
smileking@smileking
msc 255

Thinking | Ecency