သိ​စေချင်​တယ်

Words
50
Reading
1 min
Listen
Play
8y

intimacyPOL.jpg

လူပြောသူပြောများတဲ့
အလွမ်းတွေနဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းလေး
မင်းမှ မကယ်ရင်
နစ်မြုပ်ရချည်ရဲ့……………

ငါ့ကို မစိမ်းပါနဲ့… အချစ်ရယ်
မင်းစိမ်းရင် တိုက်ခတ်မယ့်လေစိမ်းဟာ
ကမ္ဘာကို ဖျက်ဆီးလိမ့်မယ်။
တစ်ရွာထင်ခဲ့တဲ့
မင်းမျက်နှာလေးမှ မရွှင်ရင်
ငါ ဘယ်မျက်နှာနဲ့ လူလုပ်လိုက်ရပါ့မလဲ…

ရေပေါ်ဆီတွေ သိပ်များတဲ့တဲ့
ဇာတ်ခုံထက်
မင်းမှ မမွှေးမြရင်
ဘယ်သူလာမွှေးမြပါ့မလဲ။

ကိုယ့်လမ်းကိုယ်လျှောက်နေကြတာပဲ
ဆိုတဲ့ စကားအောက်မှာ
ယဉ်ယဉ်ကျေးကျေး ပျက်စီးသွားတဲ့
မေတ္တာတရားတွေ………
အချစ်ရေ…………
မင်း မပါစေနဲ့။

လူတွေက ကြောက်ဖို့ကောင်းတယ်။
မေတ္တာတရားကို ယုံပါ
ချစ်ခြင်းကို ကိုးကွယ်ပါ။

ရိုးရိုးလေးပါပဲ
ငါ့လက်ကို ကိုင်ပါ။
ငါ့ကို ဖက်ထားပါ။
ငါ့ကို နမ်းပါ။
ဘယ်အခြေနေ ရောက်ရောက်ပေါ့။
new-i-dont-understand-why-does-my-girlfriend-hate-me-1.jpeg
#MSU-025