“ချမ်းသာလိုခြင်းနှင့်နည်းလမ်းမှန်”
ကျွန်တော်တို့ လူသားတွေမှာ လိုအင်ဆန္ဒတစ်ခု လူတိုင်းလိုလိုမှာ ရှိကြပါတယ်။ ဒီလိုအင်ဆန္ဒကတော့ ချမ်းသာလိုခြင်းပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာ ချမ်းသာလိုခြင်းဆိုသည့် လိုအင်ဆန္ဒဟာ လူရယ်လို့ဖြစ်လာပြီ ဆိုကတည်းက ဒီမျော်လင့်ချက် ဒီတောင့်တချက်ကို စွဲစွဲမြဲမြဲ အလိုရှိကြပါတယ်၊ တောင့်တကြပါတယ်။ ဒါဟာလဲ လောကသဘာဝအတိုင်းဖြစ်နေခြင်းပါ။
လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ ကြွယ်ဝချမ်းသာလိုခြင်းကို တစ်နေ့ပီးတစ်နေ့ တစ်နှစ်ပီးတစ်နှစ် ဆထက်တံပိုး တိုးတက်လိုကြပါတယ်။ လွန်ခဲ့လေသော နှစ်များထက် ယခုနှစ်မှာ ပို၍လိုအင်ဆန္ဒများ၊ ကြွယ်ဝချမ်းသာလိုခြင်းများဟာ ပို၍ပို၍ ကြီးထွားလာတတ်ကြပါတယ်။ စီးပွားရေးတွေ ပိုကောင်းလာမယ်၊ လုပ်ငန်းကိုင်ငန်းတွေ ပိုပီးအဆင်ပြေ လာမယ်လို့လဲ ယုံကြည်နေတတ်ကြပါတယ်။ ဒီလိုမျော်လင့်ချက်များဟာ လူတိုင်းမှာ နေ့စဉ်အမျှ ရှိနေကြခြင်းပါ။
ဒီလို လူတိုင်းလူတိုင်းက မျှော်လင့်ချက်ထားနေရသော်လည်း ထိုမျှော်လင့်ချက်သည် လူတိုင်းအတွက် အခွင့်အရေး ရရှိလာနိုင်သလား ဆိုသည်မှာ မေးစရာတစ်ခုဖြစ်ပေသည်။ မှန်ပါသည် ထိုသို့ လူတိုင်းလူတိုင်း မျှော်လင့်ချက်ထားရှိကြသော်လည်း လူတိုင်းအတွက် ထိုမျှော်လင့်ချက်သည်ဖြစ်မလာနိုင်ပါ။ ရရှိမလာနိုင်ပါ။ အဘယ်ကြောင့်နည်း--။
ရှုင်းပါသည် ဘာကြောင့် လူတိုင်းလိုချင်သည့်ဆန္ဒနှင့် ထိုမျှော်လင့်ချက်သည် လူတိုင်းတွင် မပြည့်စုံရ မရရှိကြသည်မှာ အကြောင်းရင်းရှိပါသည်။ ထိုအကြောင်းရင်းကတော့ “မှန်ကန်သည့်လမ်းကို မလျှောက်ကြခြင်း” ဆိုသည့် အချက်ပင်ဖြစ်သည်။
လူသားတို့ ဘ၀ကိုတည်ဆောက်ကြရာ၌ မှန်ကန်သည့်လမ်းကို မလျှောက်ကြပါက တိုးတက်ကြီးပွားခြင်း ဆိုသည့် လမ်းကြောင်းပေါ်သို့ရောက်ရန် အလွန်မှခဲယဉ်းပေသည်။ မမှန်မကန်လမ်းဖြင့် လျှောက်ကြပါက တိုးတက်ကြီးပွားလာခဲ့သည်ဆိုပေဦး ထိုတိုးတက်ကြီးပွားချမ်းသာလာခြင်းသည် အချိန်တစ်ခုထိသာအကျိုးပြုနေမည်။ ဘ၀လမ်းတစ်ခုလုံးအတွက်မူကား မတည်မြဲနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော်ကား မမှန်မကန်လမ်းကြောင်းဖြင့် တိုးတက်ခြင်းကို ရယူနေကြသူတို့သည် တစ်ချိန်တွင် ထိုမမှန်မကန်ခြင်းအကြောင်းအရာကြောင့်ပင် ပျက်စီးခြင်းသို့ ဆိုက်ရောက်ရသောကြောင့်ပင်။
ထို့ကြောင့်ပင် ကျွန်တော်တို့အားလုံးသည် မိမိတို့၏ ဘ၀လမ်းတိုးတက်ခြင်းကို တည်ဆောက်ကြရာ၌ မိမိတို့ လိုချင်တမ်းတနေသည့် ချမ်းသာလိုခြင်းဆိုသည့်ဆန္ဒများ၊ တိုးတက်ကြီးပွားလိုသည့်ဆန္ဒများကို တည်ဆောက်ကြရန် အလွန်အရေးကြီးဆုံးသော အချက်ဖြစ်သည့် မှန်ကန်သည့်လမ်းကို လျှောက်ကြရန် လိုအပ်ပေသည်။
မှန်ကန်သည့်လမ်းကြောင်းကို လူတိုင်းရှာဖွေတွေ့ရှိရန် ခက်ခဲသည်မှန်သော်လည်း ကြိုးစား၍ လျှောက်လှမ်း ကြရန် တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါသည်။
လာရောက်အားပေးမှုကို ကျေးဇူးတင်ပါသည်။
Original Work By @shwemon