ထိုသူတို့အကြောင်း ၃

Words
51
Reading
1 min
Listen
Play
8y

**ဆင်းရဲသူတို့ အချက်

ဆင်းရဲသားများကတော့ သူများအကြောင်း အတင်းအဖျင်းသာပြောနေတတ်ကြတယ်။

credit_card_advertising_hand_holding_clock_money_icons_32457.jpg

သာမာန်လူတန်းစား သူဆင်းရဲများမူကား ကြီးပွားချမ်းသာသူတို့ကဲ့သို့ ကြီးပွားရာကြီးပွားကြောင်း ကြံစည်တွေးတောနေဘို့ နေနေသာသာ အသင့်အတင့်ချမ်းသာသူများကဲ့သို့ပင် အတွေးကြ မကြံကြချေ။ သူတို့ ဘာတွေပြောကြံနေကြသလဲ --- ထိုသူတို့မှာကား မိမိထက်သာသော ဘဝနေထိုင်မှုရှိသူတို့အား မနာလို မရှုစိမ့်နိုင်ပဲ သူတို့ဂုဏ်သိက္ဓာကျစေဖို့ မှန်သည်မှားသည်မစဉ်းစား အတင်းအဖျင်းများသာပြောကြပါတယ်။

wealth_design_elements_luxury_cars_money_icons_6831537.jpg

သင်ကိုယ်ဆိုင် သင့်ကိုယ်သင် ပြန်လည်ဝေဖန်ကြည့်ပါလေ။ သင်ကိုယ်တိုင် မည်သည့်လူမျိုးဖြစ်နေမည်နည်း။

သင်ဟာ ကြီးပွားရာကြီးပွားကြောင်း ကြံစည်တွေးတော လုပ်ကိုင်ပြောဆိုနေပါသလား။

တွေ့ကရာ ရုပ်ဝတ္တု ပစ္စည်းများအကြောင်းပြေရင်း အချိန်ကုန်နေသလား။

သူတပါးအကြောင်း အတင်းအဖျင်းများကိုသာ ပြောနေမိသလား။

သင်ပြောနေသော စကားများဟာ သင်ဟာဘယ်လိုလူတန်းစားဖြစ်တယ်ဆိုတာ ညွှန်ပြနေပါတယ်။

သင်ပြောနေသောစကားများကို ပြန်လည် ဝေဖန်ကြည့်ပါလေ။

ဆက်လက်တင်ပြပါဦးမည် ။

ထိုသူတို့အကြောင်း ၃ | Ecency