ထိုသူတို့အကြောင်း ၂

Words
83
Reading
1 min
Listen
Play
8y

ဟိုတစ်ရက်က အောင်မြင်သူတို့ရဲ့ အတွေးအကြံအကြောင်းလေး လျောက်ပြောခဲ့ပါတယ် ။ အခုလဲ သာမာန်လူတွေအကြောင်း တွေးမိသလောက်လေး ပြောအုန်းမယ်ဗျ။

** သာမန်သူတို့ အကြောင်း

သာမာန်သူများဟာ ပတ်ဝန်းကျင်က ရုပ်ဝတ္ထုများအကြောင်းပြောကြတယ်။ သူတို့ ပတ်ဝန်းကျင်က ရုပ်ဝတ္ထုတွေအကြောင်းပေါ့။

သာမန်သူတွေကတော့ ကြီးပွားချမ်းသာနေသူတို့ကဲ့သို့မဟုတ် သူတို့ပြောသာအကြောင်းတို့သည် ဘယ်မှာနေတာလဲ၊ ဘာပစ္စည်းတွေ ဝယ်လိုက်သလဲ၊ ငွေကိုဘယ်လိုသုံးလိုက်လဲ၊ ဘယ်လိုအိမ်မှာနေကြတယ် စသဖြင့် မိမိတို့ အနီးက ရုပ်ဝတ္ထုများအကြောင်းသာ အရည်မရ အဖတ်မရ ပါးစပ်အရသာခံ ပြောနေတတ်ကြတယ်လေ။ ဒီလိုပြောနေရခြင်းကို အရသာတွေ့နေတတ်ကြတယ်။

wealth_design_elements_luxury_cars_money_icons_6831537.jpg
Credit Image Source

ဒီလိုလူတွေထဲမှာ အနည်းငယ် ချမ်းသာနေသူများပါ ပါဝင်နေတတ်ကြပါတယ်။ သူတို့တွေဟာ သူတို့ပိုင်ဆိုင်ရာ အိမ်၊ ခြံ၊ မြေ၊ ကား၊ တိုက်တာအဆောက်အဦး၊ နောက်ဆုံး လက်ကိုင်ဖုန်းကအစ တန်ဘိုးများ အကြောင်း တွေ့ရာလူနဲ့ ပြောနေတတ်ကြပါတယ်။ ကြွားဝါနေကြတယ်လို့လဲ ပြောလို့ရတာပေါ့။

credit_card_advertising_hand_holding_clock_money_icons_32457.jpg
Credit Image Source

ဒါဟာ သူတို့သည် ကြီးပွားချမ်းသာခြင်း အတွက် နောက်ကျစေသော လမ်းလွဲမှု တစ်ရပ်လဲဖြစ်ပါတယ်။ ဒါကို သူတို့ကိုယ်တိုင် သတိမထားမိကြဘူးလေ သင်ကိုယ်တိုင်ကော အဲဒီလိုလူ ဖြစ်နေပီလား ပြန်လည် စစ်ဆေးကြည့်အုန်းဗျ။ ကျနော် ရေးတတ်သလိုရေးလိုက်တာ အမှားပါရင် သီးခံဖတ်ရှုပေးကြပါဗျ ။

ဆက်လက်တင်ပြပါဦးမည် ။ ။

DQmNuF3L71zzxAyJB7Lk37yBqjBRo2uafTAudFDLzsoRV5L.gif

ထိုသူတို့အကြောင်း ၂ | Ecency