ထိုသူတို့အကြောင်း ၁

Words
87
Reading
1 min
Listen
Play
8y

က္ဈန်တော် စဉ်းစားမိသည့် အကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။

လူတွေအကြောင်းပါ အများကြီးတော့ မသိပါဘူးဗျာ သိတာလေး တွေးပီး ရေးပြချင်လို့ပါ။ သည်းခံသာ ဖတ်ပေး အားပေးကြပါဗျာ။

img1.jpeg

Credit image source

** အောင်မြင်သူတို့၏အကြံ

ကြီးပွားအာင်မြင်သူနေသူများဟာ သူတို့ရဲ့ အကြံအစည် အကြောင်းကိုပဲ ပြောကြတယ်။ စိတ်ဝင်စားစရာပဲနော် အကြံရှိသူ ကြီးပွားမယ်ဆိုတာ အဲဒါပြောတာ။

ကြီးပွားအောင်မြင်သူဟာ ဘာကြောင့် အကြံအစည်အကြောင်းပဲပြောကြသလဲ။ ရှင်းရှင်းလေးပါ အကြံအစည် ကောင်းရရင် ကြီးပွားခြင်းကိုဖြစ်စေတယ်ဆိုတာ သိရှိနားလည်နေကြလို့ပါပဲ။ ဒါကြောင့် ကြီးပွားအောင်မြင်သူအချင်းချင်းဟာ အကြံအစည်အကြောင်းသာ ဆွေးနွေးတိုင်ပင်ကြပါတယ်။

Credit image source

အကြံကောင်း ဥာဏ်ကောင်းများရဘို့အတွက် စာအုပ်တွေအများကြီးဖတ်ကြတယ်။ စီးပွားရေးဆိုင်ရာ ဖိုရမ်များမှာ တက်ရောက်နားထောင်ကြတယ်။ သူတို့ရဲ့ စိတ်အစဉ်ဟာ ကြီးပွားရေးအတွက် အကြံကောင်းဥာဏ်ကောင်းများ ရရှိရေးအတွက်သာ စဉ်းစားနေကြတယ်။ အခြားသော အပိုအလုပ်များဖြစ်သည့် ရုပ်ဝတ္တုများအကြောင်း အခြားသူများ၏ အတင်းအဖျင်းများအကြောင်း မပြောကြချေ။ ဤသည်ကား ကြီးပွားချမ်းသာနေသူတို့၏ အတုယူဖွယ် အချက်ဖြစ်ပါတယ်။

ဒါဟာ ကျနေည်တို့ လူသားတွေထဲမှာရှိတဲ့ ကြီးပွားနေသူတို့ရဲ့ အပြုအမူဖြစ်ပါတယ်။

Credit image source

နောက်ထပ်ဆက်လက်၍ သာမာန်သူတို့အကြောင်း သူတို့ ဘယ်လို ပြုမူနေထိုင်ကြတယ် ဆိုတာလေး တွေးနေပါတယ် ဆက်လက်တင်ပြပါမယ်ဗျ။

အခုမှ စာစရေးတာဆိုတော့ အမှားပါရင် ခွင့်လွှတ်ကြပါဗျာ။

အားပေးမှုကို ကျေးဇူးတင်ပါတယ်။

DQmNuF3L71zzxAyJB7Lk37yBqjBRo2uafTAudFDLzsoRV5L.gif

ထိုသူတို့အကြောင်း ၁ | Ecency