“ စပ်မိစပ်ရာ ”
စာရေးမယ် ရေးမယ်နဲ့ အလုပ်ကတစ်ဖက်၊ ကျောင်းကတစ်ဖက် ကျွန်တော်မှာ ရွာတွေလည်လို့ပေါ့ဗျာ။ စတီးမစ်အကောင့်လေး ပစ်ထားမိတာလဲ တလကျော်ကြာခဲ့ပီလေ။ အခုမှ အားလပ်ရက်လေးရလို့ စတီးမစ်အကောင့်လေး ပြန်ဝင်ကြည့်မိပါတယ်။ တော်ပါသေးတယ်ဗျာ အကောင့်လေးကပျောက်မသွားသေးဘူး။
စိတ်တထင့်ထင့်နဲ့ပေါ့ဗျာ ဒီအကောင့်လေးတစ်ခုရှိတာ ပျောက်သွားရင် အသစ်ပြန် မလုပ်တတ်ဘူးဗျ။ ဒီစတီးမစ်အကောင့်လေး လုပ်ပေးတဲ့ ဆရာကလဲ ခရီးတွေ ထွက်သွားတာ ခုထိရွာပြန်မလာသေးဘူး။ ကျွန်တော့မှာလဲ ၀မ်းရေးအတွက် အလုပ်က လုပ်ရသေးတယ်မို့လား။ စာရေးတာ ၀ါသနာပါတယ်ဆိုပေမယ့် တစ်နေ့တစ်နေ့ ထမင်းစားရဘို့က ပိုအရေးကြီးနေလေတော့ ၀ါသနာလေး ဘေးခဏချထား အလုပ်များများလုပ်။ ကျနော့် အလုပ်ကလား လယ်လုပ် ကိုင်းခုတ်ပေါ့။
တစ်ခါတစ်လေ မြို့တက်ပီး တွေ့ရာ ကြုံရာ အလုပ်ကလေးလုပ်တယ်ဗျာ။ ဘာပဲပြောပြော ရိုးရိုးသားသား ထမင်းရှာစားရတာ ကျေနပ်တယ်ဗျ။ သူများတွေလို လူတကာလိုက်လိမ် သူများမျက်ခုံးမွှေး စင်္ကြန်မလျောက်တတ်ဘူးဗျာ။ အဲလိုလုပ်ငန်းလဲ မလုပ်တတ်ပါဘူး။ ကိုကျွမ်းကျင်ရာကိုယ်လုပ်ကြတယ်ဆိုပေမယ့် သူများမျက်ရည်ကြီးငယ်ကျပီးမှ ထမင်းစားရ တာတော့ ကျွန်တော်သာဆို မျိုမကျပါဘူးဗျာ။
အဲပြောရင်း ရေးရင်း ဘယ်ရောက်ကုန်တယ်မသိပါဘူး အခုမှ စာပြန်ရေးမှာဆိုတော့ စိတ်ထဲရှိရာတွေ ရေးနေမိတာပါ။ နောက်တစ်ပုဒ်ကြမှ ကောင်းကောင်းရေးတင်မယ်ဗျာ။
စာရှုသူများ ကျန်းမာကြပါစေ။
ရွှေမွန်း