ကျနော်ဟာ ပန်းချစ်သူပါ
ပန်းလေးတွေကို ချစ်ရခြင်းအကြောင်းမှာ သူတို့လေးတွေသည် လောကကို အလှဆင်သူများ ဖြစ်ကြသည်။
ပန်းလေးများတို့သဘာဝ ဖူးကြသည် ပွင့်ကြသည်။ သူတို့လေးတွေသည် သစ္စာရှိကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ခောကကြီးကို အရှိကို အရှိအတိုင်း နေပြကြသူများဖြစ်ကြသည်။
ပန်းလေးတွေသည် စိတ်ပုတ်မရှိကြ လူတို့သာရှိသည်။
ပန်းလေးတွေသည် သစ္စာရှိသည် မိမိကို ရေလောင်းပေါင်းသင်ပေးနေသူသည် မည်မျှပင် ဆိုးသွမ်းနေသူဖြစ်ပါစေ၊ မည်မျှပင် ရက်စက်တတ်သူဖြစ်ပါစေ၊ သူတို့သည် ဖူးချိန်တန်လျင်ဖူး၊ ပွင့်ချိန်တန်လျင်ပွင့်ပေးကြသည်။
ဒါကိုကြည့်ပီး လူသားနှင့်ပန်းလေးတို့ ကွာခြားချက်ကို ကြည့်ပီး မိမိတို့ လူသားတို့သည် ပန်းကလေးများလောက်ပင် လောကကြီးကို သစ္စာမစောင့်သိနိုင်ကြပါလားဟုပင် သတိသံဝေဂ ရမိသည်။
ထို့ကြောင့် ကျနော်သည် ပန်းလေးတွေကိုချစ်သည်။ သူတို့ထံမှ အဖိုးမဖြတ်နိုင်သော သဘာဝ အလှနှင့် အသိတရားကိုရရှိခြင်းကြောင့်ပင်ဖြစ်သည်။
ဆက်လက်တင်ပြပါအုန်းမည်----
OriginalWriter @shwemon
Photos are my own photos by mobilephone camera.