ပန်းချစ်သူ

Words
123
Reading
1 min
Listen
Play
8y

image

ကျနော်ဟာ ပန်းလေးတွေကိုချစ်ပါတယ်။
သဘာဝအလှ ပန်းကလေးများကို ကြည့်ရှုခံစားရင် ဘဝအမော၊ စိတ်အမောများကို ပြေပျောက်စေပါတယ်။

ယခင်ရက်များက မဟာသင်္ကြန်ရက်နှင့် ကျနော်အလုပ်မအား အလည်အပတ်များနေတော့ သူတို့လေးတွေနဲ့ အဆက်ပြတ်နေခဲ့ရပါတယ်။ အဲ သူတို့လေးတွေဆိုတာ ချစ်သူရည်းစား ကောင်မလေးတွေမဟုတ်ပါဘူးဗျ၊ ကျနော်ချစ်တဲ့ ပန်းလေးတွေပါ။ သူတို့လေးတွေ ကျနော့်ကိုမျှော်နေကြမယ်ဆိုတာ သိနေတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်လဲ သူတို့က်ု လွမ်းနေ သတိရနေလို့ပါ။

image

ကဲ သူတို့လေးတွေ အနားကို တိတ်တိတ်လေး ခိုးသွားလိုက်ပါတယ်။ ဟာ သနားစရာ သူတို့လေးတွေ ခမြာ ကျနော်မလာလေလို့လား၊ ရာသီဥတုကဆိုးရွားလေသလားမသိ အတော်လေးကို ညှိုးငယ်နေကြရှာတယ်။ သနားစရာပန်းလေးတွေရယ်။

ကျနော်လဲ သူတို့ကို အသံမပေးပဲ တိတ်တိတ်လေး နောက်ပြန်ဆုတ်လာခဲ့တယ် ပီးတော့ ရေပုန်းကြီးကြီးနဲ့ ရေအပြည့်ခပ်လာခဲ့ပြီး သူတို့လေးတွေဆီကို အပြေးပြန်လာခဲ့မိတယ်။

image

ဗွမ်း ဗွမ်း ဟေး အကိုပြန်လာပီဟေ့ ပျော်လိုက်တာ။ ကြည့်စမ်း သူတို့လေးတွေ ဝမ်းသာကြည်နူးပျော်ရွှင်သွားကြပုံက အပျော်တွေ ကျနော့ရင်ထဲ ကူးစက်လာပါတယ်။

ချစ်စရာ ပန်းလေးတွေရယ် ငါ့ကိုစိတ်မဆိုးကြပါနဲ့ မင်းတို့ကို ပြစ်ထားသလိုဖြစ်သွားတာ တောင်းပန်ပါတယ်နော်။ ရေခွက်နဲ့ အားရပါးရ ကျနော့ ပန်းလေးတွေကို လောင်းပေးနေရင်း သူတို့လေးတွေကို တိုးတိုးလေး ပြောကာ ကျနော် တောင်းပန်နေမိတယ်။

image

စိတ်မဆိုးပါဘူးကိုကြီးရယ် ကျနော်တို့က အစွမ်းကုန်ပွင့်ပီး အကိုကြီးကို မျော်နေတာပါ။ အခုတော့ ကျနော်တို့အားလုံး လန်းနိုင်ဆန်းနိုင် ပွင့်နိုင်ပါပီဗျာ။ ကဲ ဘယ်လေယက်ချစ်စရာကောင်းလဲ သဘာဝရဲ့ ပန်းလေးတွေ သခင်အပေါ် ချစ်ရှာကြတယ်။

အခုတော့ ကြည့်စမ်းပါအုန်း သူတို့လေးတွေ ငွါးငွါးစွင့်စွင့် လန်းပွင့်နေကြပုံက လောကကြီးတစ်ခုလုံး သာယာလှပသွားပေတယ်ဗျာ။

image

ပန်းချစ်သူ ကျနော် ပန်းလေးတွေကြည့်ရင်း ကြည်နူးနေရပါပြီ။ ပန်းလေးတွေကြည့်ပီး ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ။

ပန်းချစ်သူ ရွှေမုံ

OriginalWork by shwemon@shwemon
MSU 45

Photos are my own photos by my smartphone.