“တောသား နဲ့ အလုပ်”
ကျွန်တော်တို့ဟာ မိမိတို့ရဲ့ တတ်မြောက်ထားတဲ့ပညာနဲ့မှ အလုပ်လုပ်ချင်တယ် တန်ရာတန်ကြေး ရခြင်ကြတယ်ပေါ့ဗျာ။ ဒီလိုစိတ်ထားတွေရှိနေတော့ ဟိုအလုပ်လဲ ငါနဲ့မတန်၊ ဒီအလုပ်လဲ ငါနဲ့မဖြစ်၊ အဲလို အဲလို စိတ်ဓါတ်အခံကိုက မှားနေတော့ ကိုယ်က တကယ်လုပ်ရမည့် အလုပ်ကို မမြင်ကြတော့တာပေါ့။ စီးပွားရေးတွက် တွက်ကြတယ်။ ပေသီးခေါက်ကြတယ်။ လစာအနည်းအများကို ကြည့်ကြတယ်။ ဂုဏ်ရှိန် အနည်းအများကို ကြည့်ကြတယ်။ ဒီတော့ ကျွန်တော်တို့နဲ့ တန်တဲ့အလုပ်ဆိုတာ ဘယ်လို စံတွေ ဘယ်လိုပေတံတွေနဲ့ တိုင်းတာပီး ရှာလို့ရနိုင်မည်လဲ။
တကယ်တော့ ရိုးရိုးသားသား ကြိုးကြိုးစားစားသာလုပ်စမ်းပါ မုန့်လုပ်ရောင်းမလား သင်အောင်မြင်မှာပဲ။ အကြော် ကြော်ရောင်းမည်လား သင်အောင်မြင်မှာပဲ။ ကားမောင်း မည်လား၊ စပါယ်ယာလုပ်မည်လား၊ အငှားယာဉ်မောင်းလုပ်မည်လား၊ ကယ်ရီဆိုင်ကယ် မောင်းမည်လား။ ကာယအလုပ်၊ ဥာဏအလုပ် အလုပ်တွေမှ အများကြီးပါ။ သင်က ရိုးသားကြိုးစားဖို့ပဲ လိုပါတယ်။ အဲ တစ်ခုတော့ရှိတယ်ဗျာ ရိုးသားတိုင်း ကြိုးစားတိုင်း သင်တို့အလုပ်မှာ အောင်မြင်မယ် လို့တော့ တစ်ထစ်ချ တွက်မထားနဲ့ဗျ။ မိမိအလုပ်နဲ့ပတ်သက်ပီး ကျွမ်းကျင်ရမယ်၊ သေချာစေ့ငုစွာ နားလည်တတ်ကျွမ်းရမယ်။ တီထွင်ဖန်တီးတတ်ရမယ် ဆိုလိုတာက ခေတ်အလိုက် လိုက်လျောညီထွေ လိုက်လုပ်နိုင်ရမယ်။
ဒါမှသာ ခင်ဗျားအလုပ်မှာ အဆင်ပြေ ချောမွေ့ပီး တစ်နေ့ပီးတစ်နေ့ တိုးတက်လာတဲ့ စာရင်းဇယားတွေကို တွေ့မြင်လာရပါမယ်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲ နောက်ထပ် အလုပ်အကြောင်း နဲနဲထပ်ရေးအုန်းမယ်။
ကျွန်တော်ကတောသား အလုပ်က မအားဘူးဗျ။ ဘာအလုပ်လဲ မေးဦးမည်လား။ ဟုတ်ကဲ့ ကျွန်တော် မုန့်လင်မယားလုပ်ရောင်းပါတယ်ဗျာ။ ဖောက်သယ်တွေကျလာလို့ ခဏနားပီဗျို့။
Writer -- @shwemon