“တောသား နဲ့ အလုပ်”
ကျွန်တော့်မှာလေ တောင်မရောက်မြောက်မရောက်ဖြစ်နေရပြန်ပီ။ အလုပ်ပေါ့ဗျာ မိသားစု ၀မ်းရေးအတွက် အလုပ်တစ်ခုလိုအပ်နေလို့ပါ။ ပညာလေးက မတတ်တခေါက် တတ်ထားပြန်တော့ ဟိုကုမ္ပဏီပြေးလျောက်လိုက် ဒီကုမ္ပဏီပြေးလျောက်လိုက်နဲ့ အလုပ် အတွက် ဗြာများ နေတာပေါ့။ တကယ်ကိုဆိုးရွားတဲ့ အခိုက်အတန့်များပါပဲဗျာ။
ပညာများများမတတ်လို့လား။ အလုပ်အကိုင်အခွင့်အလမ်းကပဲ ရှားပါးနေသလား။ လိုအပ်ချက်တွေ များနေလို့လား အခုအချိန်အထိ အလုပ်တစ်ခုမရနိုင်သေး၊ မရသေးဘူးပေါ့ဗျာ။ ဟုတ်ကဲ့ အဲဒီတော့ ကျနော်ဘာလုပ်ရမလဲ တွေးတာပေါ့။ အလုပ်တစ်ခုရဘို့အရေး ဒို့အရေးလို့ ထအော်ရလေမည်လား။ အင်း-ဒါလဲ ခပ်ကောင်းကောင်း အနည်းဆုံးတော့ ညမနက် ထမင်းတနပ်စီတော့ ပုံမှန်စားရနိုင်သည်။ သို့သော် သို့သော်ပေါ့နော် ကျန်ရစ်သူမိသားစုကို ငဲ့နေရပြန်တော့ ဒီလိုထအော်ပီး သံတိုင်ကြားဝင်ဘို့ အကြံကို လက်လျော့လိုက်ရတယ်။
ကဲကောင်းပီဗျာ ဒီလိုဆိုဖြင့် ဘာလုပ်ရင်ကောင်းမလဲ ၀မ်းရေးအတွက် လွမ်းရေးကိုတောင် ဘေးဖယ်ထားနေရတယ်ဗျာ။ တကယ်ပါ မိသားစုစားဝတ်နေရေးအတွက် ရည်းစားလေးနဲ့ မတွေ့ဖြစ်တာကို တော်တော်ကြာခဲ့ပါပီ။ ခုခေတ်အခါမှာ သမီးရည်းစား အတွက် တွေးပူတတ်တာ ကျနော်တစ်ယောက်ပဲရှိသလားမသိ သတိရတယ် လွမ်းတယ်ဆိုတာလေး ကို မပြောဖြစ်ပါဘူးဗျာ။ သတိရလိုက်တာ ရည်းစားလေးရယ်။
ကဲ အလုပ်အကြောင်း၊ ၀မ်းရေးအကြောင်းပြောရင်း ဘယ်ကရည်းစားကိစ္စက ပါလာပြန် တာပါလိမ့်။ ဒီလိုပဲဗျာ တစ်ခုခုပြောမယ်ဆိုရင် ဆက်စပ်ပြောနေရတာနဲ့ လိုရင်းကို မရောက်နိုင်ဘူး။ ထားလိုက်ပါတော့ အလုပ်အကြောင်းပဲ ဆက်ပြောမယ်ဗျာ။ တကယ်တော့ အလုပ်ဆိုတာ အင်မတန်ပေါများသော အရာတစ်ခုပါဗျာ။ ဒါကိုကျွန်တော်တို့မသိကြ၊ သတိမမူမိကြတာပါ။
ဆက်လက်ရေးအုန်းမယ်ဗျာ မပီးသေးဘူး နောက်တစ်ပုဒ်ပေါ့ ---
Writer -- @shwemon