“ ဘ၀ထဲအတွေးများ”

Words
92
Reading
1 min
Listen
Play
8y

“ ဘ၀ထဲအတွေးများ”

ကျနော်တို့တွေရဲ့ ဘ၀မှာ ကျနော်တို့ကို ဂရုစိုက်သော၊ အားပေးသော၊ လမ်းညွှန်ပြသ အားပေးကြသော သူများလိုအပ်ပါတယ်၊ ထိုသူများဟာလည်း အမှန်တကယ်လည်းရှိ နေကြပါတယ်။

ကျနော်တို့တတွေကသာ သတိမထားမိကြတာပါ။

img.jepg
Credit Image Source

ကျနော်တို့ကို ဂရုစိုက်တဲ့သူတွေကသာ ကျနော်တို့ကို မှန်ကန်တဲ့လမ်းကြောင်းများ လမ်းညွှန်ပြသပေးကြဖို့ အမြဲကြိုးစားနေကြတာပါ။ ဒါဟာ ကျနော်တို့ကို သူတို့က အကောင်းဆုံးဖြစ်စေချင်လို့သာ ထိုသို့ ဆောင်ရွက်နေကြခြင်းဖြစ်ကြပါတယ်။

ဒါကိုလဲ ကျနော်တို့ သတိမထားမိ၊ လျစ်လျူရှုမိနေကြတာလည်း ရှိခဲ့ကြပါတယ်။

ထိုသို့လူအမျိုးအစားများသည် သင်တို့၊ ကျနော်တို့ အနီးမှာ အများကြီးရှိပါတယ်။

img.jepg
Credit Image Source

ဥပမာအားဖြင့် မိမိတို့၏ အနီးဆုံး မိဘနှစ်ပါးက အစပါ။ ထို့နောက်ဆရာသမားတွေပါ။ ထို့နောက်တော့ မိတ်ဆွေသင်္ဂဟများ၊ ကျောင်းနေဘက် သူငယ်ချင်းများ၊ ကိုးကွယ် ဆည်းကပ်ရာ ဘာသာရေးဆိုင်ရာ ဆရာတော်များ စသည်ဖြင့် များစွာရှိကြပါတယ်။

ဒီလိုလူတွေကို ခင်ဗျားတို့၊ ကျနော်တို့၊ မိတ်ဆွေတို့ အားလုံးရဲ့ဘ၀မှာ ကောင်းစွာ တွေ့ကြုံ ရှိနေကြပါတယ်။ ဒီလို တန်ဘိုးရှိတဲ့ ပုဂ္ဂိုလ်တွေကို ဘာ့ကြောင့် ကျွန်တော်တို့ လျစ်လျူရှုနေမိကြတာလည်း။ ဒီမေးခွန်းဟာ မေးစရာ မေးခွန်းဖြစ်ပါတယ်။

အဖြေဟာလည်း အတော်ဖြေရခက်တဲ့ မေးခွန်းတစ်ခုပါ။

img.jepg
Credit Image Source

ဘ၀ထဲက အတွေးများကို ကျနော်တွေးတတ်သလောက်လေး ရေးကြည့်တာပါ။

ဆက်လက်တင်ပြပါအုန်းမည်။

Original Work By shwemon@shwemon

“ ဘ၀ထဲအတွေးများ” | Ecency