IBEC Sayartaw

Words
95
Reading
1 min
Listen
Play
8y

Hello , steemit မှ အကိုအမ ဦးလေး အန်တီများအားလုံး
မင်္ဂလာပါ ရှင့်

စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ တည်ထောင်သူ IBEC ဆရာတော် ဘဒ္ဒန္တသောဘိတဟာ (၂၀၁၅)ခုနှစ်က ကိုရီးယာနိုင်ငံအခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ်လည်း ခန့်အပ်ခြင်းခံ ခဲ့ရပါတယ်

သမိးတို့ ရဲ့ IBEC ဆရာတော် သည်

စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓပညာရေးစင်တာရဲ့ နာယက၊ IBEC ဆရာတော် ဘဒ္ဒန္တသောဘိတဟာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု (World Peace Prize -2018)ကို လက်ခံရယူဖို့ ဇွန်(၂၈)ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဆွီဒင်နိုင်ငံကို ကြွရောက် သွားပါတယ်

United Nation & Universal peace Federation တို့က ပူးပေါင်း ကျင်းပတဲ့ စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံမှာ ငြိမ်းချမ်းရေးဆု အတွက် နိုင်ငံ(၅)နိုင်ငံက ပုဂ္ဂိုလ်တွေကို ရွေးချယ်ပေးအပ်တာဖြစ်ပြီး အမေရိကန်၊ အာဖဂန်နစ္စတန် နီပေါ
အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့က ရရှိခဲ့တာဖြစ်ပါတယ်

image

ဆရာတော်သည် ပြည်တွင် ပြည်ပ ငြိမ်းချမ်းရေး ပညာရေးနဲ့ လူသာ အကျိုးပြုလုပ်ငန်း များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့အတွက် ကမ္ဘာလုံး ဆိုင်ရာငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆွီဒင်နိုင်ငံရှိ ငြိမ်းချမ်းရေးအဖွဲ့တွေက စီစဉ်ပေးအပ်တာ ဖြစ်ပါတယ်တယ်

ဆရာတော် အား သမီးတို့ GYO အဖွဲ့သားများ အားလုံး
အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဂုဏ်ပြု အခမ်းအနားများ ဖြင့် လိုက်ပါ ပို့ဆောင် ခဲ့ကြပါသည်

shunlai@shunlai

IBEC Sayartaw | Ecency