Valinetine's day
ချော့ကလက်က ဘယ်ကဝင်ပါလာတယ်တော့ မသိဘူး
ဖေဖေါ်ဝါရီ တစ်ဆယ့်လေး ဆိုတာ
စိန့် ဗယ်လင်ဒိုင်း ကြိုးမိန့်ပေးခံရတဲ့ နေ့လေးပါ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန်စစ်ဘုရင်
Claudius ဟာ စစ်အင်အားတွေစုဆောင်း၊
နယ်မြေသစ်တွေတိုးချဲ့ရင်း ပါဝါကြီးစိုးခဲ့တယ်..။
သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ
အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။
Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ
ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ
စစ်ထဲ မဝင်ချင်တော့ ဘူး။
စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယားတွေ မိသားစုတွေ၊
ဆွေမျိုးတွေနဲ့ပဲနေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့  ရောမစစ်သည်တွေ
အသေအပျောက်များခဲ့တယ်..စစ်သားသစ်တွေလိုလာတယ်..။
စစ်သည်အင်အားကိုလည်း ပိုမိုတောင့်တင်း
ခိုင်မာအောင် လုပ်ချင်တယ်.။
ဒါပေမယ့် ယောကျာ်းတွေကလဲ
စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ
မိသားစုသံယောဇဉ်ကြောင့်
စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင်
စစ်ထဲဝင်ကြမှာပဲလို့
မိုက်မိုက်မဲမဲတွေးမိတယ်.. ။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း
လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။
လူငယ်တွေ အတွက် ရက်စက်ပြီး မတရားတဲ့
အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး
တစ်ပါးပေါ်လာတယ်..။
သူ့နာမည်က Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲ
တွေမှာ ကောင်းချီးပေးတဲ့  ဘုန်းကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်
ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုသိုသိပ်သိပ်
စီစဉ်ကျင်းပပေးခဲ့တယ်.။ သူ့ရဲ့ သီးသန့်
အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး
မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား
လျှို့ဝှက် ကျင်းပကြတယ်..။
တစ်ညမှာတော့ သတင်းပေါက်ကြားပြီး
မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။
မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း
St. Valentine ဖမ်းဆီးခြင်းခံရပြီး
သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ်
ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို
လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ
မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာ
မှန်ကန်ကြောင်း ၊သူတို့လေးတွေလည်း
အချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။
အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲ ပါတာပေါ့ ..။
ထောင်မှုးကြီး က ခွင့်ပြုတာကြောင့်
သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ
အများကြီးပြောတယ်.။
အားပေးစကားတွေပြောတယ်..
နောက် သူသေခါနီးမှာ သူမရဲ့ခင်မင်မှု၊ သစ္စာရှိမှု၊
အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့
"Love from your Valentine" ဆိုတဲ့
မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်
St.Valentine က ရေးသားပေးခဲ့တယ် ..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်
သွားးခဲ့တယ်.. အသတ်ခံခဲ့ရတယ်
အဲ့ဒီ နောက်မှာတော့ St. Valentine ကို လေးစား
ဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။