အစိုးရွှတ်တော်

Words
71
Reading
1 min
Listen
Play
8y

အစိုးရသစ်တက်လာတော့ ပထမဆုံးတံစိုး လက်ဆောင်ကိစ္စကို ရှင်းလိုက်တယ်။ တကယ်လည်း ထိပ်ပိုင်းက မယူရဲတာဖြစ်ဖြစ် မယူတာဖြစ်ဖြစ် ကျွန်မတို့ဘက်က စည်းကျော်ပြီးမပေးမိဖို့သတိထားလုပ်ကိုင်ကြပါတယ်။ ကျွန်မကိုယ်တွေ့အဖြစ်အပျက်ကို ပြောပြပါမယ်။ ကျွန်မဆက်စပ်အလုပ်လုပ်နေတဲ့ ၀န်ကြီးဌာန ဆီကရစရာရှိတဲ့ကြွေးက အတော်များပါတယ်။ ၀န်ကြီး အပြောင်းအလဲဖြစ်တယ်၊ အစိုးရအပြောင်းအလဲဖြစ် တယ်ဆိုတော့ ကြွေးရစရာရှိတာတွေကို ထပ်တင်ပြပါတယ်။ ဒီနေ့ထိ ဘာမှ ထူးခြားမလာပါဘူး။ အကြွေး တောင်းတဲ့စာ ထပ်တင်ပြီးခါစတုန်းကတော့ အစိုးရသစ်လက်ထက်လုပ်ငန်းတွေလည်ပတ်မှု မြန်ဆန်မယ်၊ မှန်ကန်မယ် တွက်ထားတာပါ။ အခုတော့ ဘာအဖြေမှမထွက်လာတော့ နောက်ထပ်လုပ်ရမယ့်လုပ်ငန်းအတွက် ငွေကနည်းနေပြီ။ လုပ်ငန်းရပ်ဆိုင်းနေလို့လည်းမဖြစ်ဘူး။ လုပ်ငန်းလုပ်နေတာဖြစ်ဖြစ်ရပ်နေတာဖြစ်ဖြစ် အချိန်တန်ရင် ၀န်ထမ်းလစာပေးရတယ်။ ဒီလိုကျဉ်းထဲကျပ်ထဲရောက်နေတာ ကျွန်မတယောက်တည်း မဟုတ်ဘူး။
image
ကျွန်မရင်ထဲမှာ နေ့တိုင်း မွန်းကျပ်နေတယ်။ ဘ၀တူလုပ်ငန်းရှင်တယောက်ကတောင့်မခံနိုင်တော့ဘူး။ ပထမ၀န်ကြီးဌာနကို စာတင်တယ်။ ဘာမှမထူးလာတော့ သမ္မတကြီးဆီတိုင်တယ်။ သမ္မတကြီးကတော့ အောက်ကိုပြန်ချပေးလိုက်ပြီး ဖြေရှင်းခိုင်းတယ် ထင်ပါတယ်။ ဒါပေမဲ့ တိုင်တောတဲ့လုပ်ငန်းရှင်ကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်က ခေါ်တွေ့တယ်။ ဖြေရှင်းပေးတာ မဟုတ်ဘူး။ နောက်တခါ ဒီလိုတိုင်ရင် အမည်ပျက်စာရင်း (Blacklist) သွင်းမယ်လို့ ခေါ်သတိပေးတာပါ။ ဒီလုပ်ငန်းရှင် သတင်းက လုပ်ငန်း ခွင်ထဲမှာပျံ့နှံ့သွားပြီ။

အစိုးရွှတ်တော် | Ecency