Myanmar3 Unicode, Keyman 6.2 Installation and Configuration
Words
212
Reading
1 min
Listen
Play
8y
မြန်မာနိုင်ငံမှာ Zawgyi Font ကို လူသိများပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အစိုးရုံးများမှာမူ Myanmar3 Unicode သည် နိုင်ငံ၏ Standard Font ဖြစ်ပါတယ်။ ထို့ကြောင့် ရုံးစာရိုက်ချင်သူများအတွက်ဖြစ်ဖြစ် Myanmar3 Unicode ကို အသုံးပြုချင်သူများအတွက် Software နဲ့ Installation လုပ်ပုံကို ခုလိုပဲ လမ်းညွှန်လိုက်ပါတယ်။
Myanmar3 Unicode ကို အောက်ပါလင့်ကနေ Download လုပ်ပါ။ http://www.mediafire.com/file/ttx5dgb313qe7ib/Myanmar3_Unicode.rar
Download ရရှိတဲ့ Zip ဖိုင်ကို Extract ဖြည်ပြီးနောက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။
- အရင်ဦးဆုံး Myanmar3Cfc_20160426 ဆိုတဲ့ True Type Font ကို Install လုပ်ပါ။ keyman_free_6-2-176-0 ဆိုတဲ့ Application ဖိုင်ကို Instll လုပ်ပါ။ ပုံ(၁)ကို ကြည့်ပါ။
- Keyman 6.2 ကို Install လုပ်ပြီးရင် ပုံမှပြထာတဲ့ Keyman Icon လေးကို Right Click နှိပ်၊ Keyman Configuration ကိုရွေးပါ။ [ပုံ(၂)ကိုကြည့်ပါ။]
- ပုံ(၃)မှာ ပြထားတဲ့အတိုင်း Install Keyboard ကိုနှိပ်၊ Look In မှာ download လုပ်ထားတဲ့ Folder ထဲက myanmar3 ဆိုတဲ့ ".kmx" ဖိုင်ကို ရှာပြီး Open ကိုနှိပ်၊ Install ကို နှိပ်ပါ။
- Install လုပ်ထားတဲ့ myanmar3 keyboard ကို မိမိနှစ်သက်ရာ Shortcut Key ပေးထားလို့ ရပါတယ်။ ဒါမှသာ စာစီစာရိုက်တဲ့အခါ မြန်မာဖောင်နဲ့ အင်္ဂလိပ်ဖောင်အကြား ကူးပြောင်းရ လျင်မြန်မှာပါ။ ပုံ(၄)ကို ကြည့်ပါ။
အင်္ဂလိပ် Font ကိုကူးပြောင်းရန် shortcut အတွက် Special Keys Tab အောက်က Keyman Off မှာ မိမိနှစ်သက်ရာ Shortcut ပေးနိုင်ပါတယ်။ ပုံ(၅)ကို ကြည့်ပါ။
- ကျွန်တော်ကတော့ ပုံ(၆)ပါအတိုင်း myanmar3 ကို F6 ထားပြီးတော့ keyman off (တစ်နည်း အင်္ဂလိပ် ဖောင့်အတွက်) F7 ဆိုပြီး Shortcut အသီးသီးပေးထားပါတယ်။
- Myanmar3 Unicode ဟာ စာစီစာရိုက်ပြုလုပ်ရမှာ လွန်စွာ ရိုးရှင်းလွယ်ကူပြီး လက်ကွက်စာလုံးပေါင်းဟာလည်း မြန်မာစာ စာလုံးပေါင်းအတိုင်းသာဖြစ်ပါတယ်။
- ဥပမာ မြန်မာကို ရိုက်ချင်ရင် မ +ြ + န +် ဆိုပြီးတော့ ရိုက်ရမှာပဲ ဖြစ်ပါတယ်။
- အထူးသဖြင့် ပါဠိပါဋ်ဆင့်များအတွက် လွယ်ကူလျင်မြန်စွာ ရိုက်နိုင်မှာပဲဖြစ်တယ်။ ဥပမာ ဓမ္မ ကို ရိုက်ချင်ရင် ဓ + မ + Shift နဲ့ F Key တွဲလျက်နှိပ်ပါ + မ ဆိုပြီးတော့ ရိုက်ရမှာပဲ ဖြစ်ပါတယ်။
- ပါဋ်ဆင့်ချင်သော စာလုံးမတိုင်ခင် Shift Key နဲ့ F Key ကို တွဲလျက် အရင် နှိပ်ပေးရုံပဲ ဖြစ်ပါတယ်။