နနွင်း၏​ကောင်းကျိုးများ

seaser(40)
Published in
#myanmar
Words
53
Reading
1 min
Listen
Play
9y

image
Credit:Photo from google image
နနွင်းဟာ ဆေးဖက်ဝင်အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဟင်းလျာတွေချက်စားရာမှာအသုံးပြုကြသလို ကျန်းမာရေးအတွက်လည်း များစွာအထောက်အပံ့ဖြစ်စေပါတယ်။

ဒါပေမဲ့ နနွင်းကို ဒီလိုအချိန်တွေမှာအစားသင့်ပါဘူး။

ကိုယ်ဝန်ဆောင်တွေ (သို့) နို့တိုက်နေဆဲမိခင်တွေဟာ နနွင်းကို မစားသင့်ပါဘူး။ နနွင်းဟာ ရာသီသွေးလည်ပတ်ချိန်ကို အားပေးတာ (သို့) သားအိမ်ကိုလှုံ့ဆော်ပေးတာကြောင့် ကိုယ်ဝန်ဆောင်တွေ အထူးသတိထားသင့်ပါတယ်​။

သည်းခြေအိတ်မှာ ကျောက်တည်နေတယ်ဆိုရင် နနွင်းကို တတ်နိုင်သမျှရှောင်တာအကောင်းဆုံးပါပဲ။ သည်းခြေအိတ်ကို နာကျင်စေပါတယ်။

နနွင်းကို ပမာဏများများနဲ့ နေ့တိုင်းနီးပါးစားပေးတာဟာ ကျောက်ကပ်မှာကျောက်တည်မှုအန္တရာယ်ကို ဖြစ်ပွားစေပါတယ်။

ခွဲစိတ်ဖို့ ဆရာဝန်နဲ့ချိန်းဆိုထားပြီးတဲ့သူတွေအနေနဲ့ နနွင်းကိုအနည်းဆုံး ၃ ပတ်လောက် မစားသင့်ပါဘူး။ နနွင်းဟာ သွေးခဲမှုကို လျှော့ကျစေတာကြောင့် ခွဲနေချိန်မှာ သွေးအလွန်အကျွံထွက်တတ်ပါတယ်။

သည်းခြေပြွတ်ပိတ်ဆို့တဲ့ ဝေဒနာခံစားနေရသူတွေအတွက် နနွင်းကို မစားပေးသင့်ပါဘူး။ သည်းခြေပြွန်ပိတ်ဆို့တာကနေ အသည်းခြောက်တဲ့ရောဂါထိဖြစ်ပေါ်စေနိုင်ပါတယ်။

နနွင်း၏​ကောင်းကျိုးများ | Ecency