Number 7

Words
135
Reading
1 min
Listen
Play
5y

atoz.png

ဂဏန်းတလုံးစီအကြောင်းကို ရေးလာသည်မှာ (၇) ဂဏန်းသို့ ရောက်ရှိလာပါပြီ။ ထို့နောက် ၈၊ ၉၊ ၁၁၊ ၂၂ တို့ကို ဆက်ရေးရပါဦးမည်။ ဂဏန်းတို့၏ ပင်ကိုယ်သဘောသဘာဝများကို လေ့လာမှတ်သားခြင်းသည် သင်္ချာဗေဒတွင် အခြေခံကျသော သင်ခန်းစာ ဖြစ်ပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

ယခုပို့စ်တွင် (7) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(7) ဂဏန်းသည် တွေးခေါ်သူ၊ ဒဿနပညာရှင်၊ စိတ်ပညာရှင်၊ ပြီးပြည့်စုံသူ၊ စာရေးဆရာ၊ ကျောင်းဆရာ ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(7) ဂဏန်း၏ အပြုသဘော - Constructive

  • တိတ်ဆိတ်စွာနေခြင်း
  • အသိဉာဏ်ပညာ ပြည့်ဝခြင်း
  • သုတေသနပြုခြင်း
  • လေ့လာမှုပြုခြင်း
  • မိမိကိုယ်ကို ဆန်းစစ်တတ်ခြင်း
  • ဘာသာရေးစိတ်ရှိခြင်း

(7) ဂဏန်း၏ အပျက်သဘော - Negative

  • ထေ့ထေ့ငေါ့ငေါ့ ပြောတတ်ခြင်း
  • ဝမ်းနည်းအားငယ်တတ်ခြင်း
  • အေးတိအေးစက်နိုင်ခြင်း
  • အာရုံကြောချို့ယွင်းခြင်း
  • စိတ်ထားသိမ်ငယ်ခြင်း

(7) ဂဏန်း၏ အဖျက်သဘော - Destructive

  • မရိုးမဖြောင့်လုပ်တတ်ခြင်း
  • နှိပ်နှိပ်ကွပ်ကွပ် လုပ်ဆောင်တတ်ခြင်း
  • သစ္စာမဲ့ခြင်း
  • မယုံကြည်ရခြင်း
  • မလိုတမာစိတ် ထားတတ်ခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

sayalu@sayalu
10.01.2022

Number 7 | Ecency