သတိတရား

Words
133
Reading
1 min
Listen
Play
9y

သတိတရား....

image
ကျွန်တော်တို့တွေသည်...စီးပွားရေးလူမှုရေးပညာရေး အစရှိသည်ဖြင့် လူံးချာပတ်လည်ရိုက်နေရသည်။ ဘာသာရေးတရားလုပ်ဖို့ အချိန်မရပါတချို့က ညည်းညူတတ်ကြပေသည်။ ဟုတ်ပေသည်။ ကျွနပ်တို့သည်လောကီလူသားဖြစ်သကြသဖြင့် ဘာသာရေးကိုသိပ်အလေးပေးလုပ်နိုင်ကြခြင်းမရှိသည်ကများသည်။ အပျော်အပါး၊အသောက်အစားဖက်ကိုသာ.စိတ်ပန်းဖြေသည်ဟုအကြောင်းပြချက်ဖြင့် လိုက်စားကြပေသည်။ တချို့ကလည်း ငွေကိုသာဦးထိပ်ထားကာ ရှာဖွေကြပေသည်။ ဘုရားတရားလုပ်ခြင်းကို အသက်အရွယ်ငယ်သေးတယ်၊ အခုမှစီးပွားရေးရှာဖို့လုပ်တုန်း၊အသက်ကြီးမှလုပ်မယ်ဆိုကာ..အားလျော့တတ်ကြပေသည်။ တခါတလေ ငယ်ရွယ်သူအချို့ ဘုရားတရားလုပ်.ရဟန်းဝတ်နေလျှင် ငယ်ငယ်လေးနဲ့နမျောစရာဘဲ့အရွယ်ကောင်းလေးရှိသေးတယ်.အစရှိသဖြင့်ဝေဖန်တတ်သည်။အဘယ်ကြောင့်ဆိုသော်.ကိုလဲဘုရားတရားမလုပ်၊သူများကိုလည်း သူကဲ့သိုပင်ဖြစ်စေချင်သောကြောင့်ပင်။ ဆိုလိုရင်းအပေါင်းအဖော် ဆွယ်တာပင်။

ကျွန်တော်တို့သည် တရားထိုင်ခြင်း ဝိပ္ပါသနာရှူခြင်းတို့အား.အသက်ကြီးမှလုပ်ရတာ၊ အာ့အတွက်အချိန်ပေးရတယ်အစရှိသဖြင့်ထင်မြင်ယူဆကာ..မလုပ်ဖြစ်တော့ပေ။ သေခြင်းတရားဟူသည် ကြီးသည်ငယ်သည်မရွေး အချိန်မရွေးရောက်လာတတ်သည်ကို သတိမမူကြပါ။ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီကဲ့သို့ နေမြင်ညပျောက် ညမြင်နေ့ပျောက်.. ဖြစ်နေကြသည်မဟုတ်ပါသလား။ ယနေ့ခေတ်အခါတွင် လောဘဒေါသမောဟများ.ပွားများလာစေသည့်ပစ္စည်းအရာဝတ္တု တို့ဖြင့် ပြည့်နှက်၍လေနေသည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် အဘယ်သို့် ပြုလုပ်ရမည်နည်း။ သတိတရားစွဲကိုင်ကာနေတတ်ပါမှသင့်လျော်ကာကျပေသည်။

စားလျှင် စားသည်ဟုသိခြင်း၊ ကို၏စိတ်ဘာဖြစ်နေလဲဆိုသည်ကိုသိခြင်း၊ အရာရာကိုသတိထားခြင်းဖြစ်နေနိုင်ပါမှ.မိမိစိတ်တွင် ဒေါသဖြစ်နေသလား၊ လောဘဖြစိနေသလား.တွေဝေတုံ့ဆိုင်းနေသလား.အစရှိသည်ကိုဆန်းစစ်ဝေဖန်နိုင်မည်ဖြစ်သည်။ဥပမာအားဖြင့် မနေ့က ကျွန်တော်တင်ခဲ့သော ရောက်တတ်ရာရာအတွေးများတွငိ.ကျွန်တော်သည် သတိတရားရှိနေသောကြောင့်သိခြင်းဖြစ်သည်။ ထိုသတိတရားရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသောဒေါသကိုလည်းထိန်းနိုင်သည်။ မဖြစ်ပေါ်သေးသော ဒေါသကိုလည်းဆင်ခြင်နိုင်ပေသည်။ အမြဲတန်းသတိရှိသည်မဟုတ်မူကားဝန်ခံရပေသည်။ သတိတရားရှိအောင် အမြဲမပြတ်စိတ်ကိုကြည့်ရသည်။ ထိုသတိတရားကို ဝိပ္ပသာနာလုပ်ခြင်းဟုလည်းဆိုနိုင်ပေသည်။ ထိုသတိတရားကပ်နေပါက.ဒေါသဖြစ်မှန်း၊မောဟဖြစိမှနိးလောဘဖြစ်မှန်း ဆင်ခြင်သူံးသပ်နိုင်ပေမည်။ အနည်းဆူံးတော့ ထိန်းသိန်းနိုင်မည်။ ထိုအခါမလိုလားအပ်သော ပြသာနာများသည်လည်းကောင်း၊ ဒေါသ၊လောဘ၊မောဟများသည်လည်းကောင်း ဖြစ်ပေါ်နေလာနိုင်သော်လည်း ဆင်ခြင်ကာထိန်းသိမ်းနိုင်ပါလိမ့်မည်။

ကျွန်တော်တို့သည် သတိတရားကိုမည်ကဲ့သို့ထိန်းသိမ်းရမည်နည်း။ လွယ်ပါသည်။သို့သော်ခက်သည်။ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်သည့်ကိစ္စပင်။ ဥပမာ စားလျှင် တခြားစိတ်မရောက်ဘဲ့စားခြင်းကိုသိနေရမည်။ ကို့စိတ်ဘယ်မှာရှိနေလဲဆိုတာကိုသိနေခြင်းကအဓိကပင်။ သတိမြဲရာမှတဆင့်သဘာဝတရားကိုသိလာလိမ့်မည်။ သဘာဝတရားကိုသိလာသည်နှင့်အမျှ ဖြစ်ခြင်းပျက်ခြင်းသဘောတရားကိုမြင်လာလိမ့်မည်။ ထိုအခါ ဘယ်အရာမှမတည်မြဲပါသလားဟုဆင်ခြင်လာနိုင်မည်။ ဥပမာအားဖြင့် စိတ်သည် မတည်မြဲသော..သဘောကိုဆင်ခြင်၍လာနိုင်လိမ့်မည်။ အထူးထင်ရှားသည်မှာက ရုပ်၏သဘောတရားပင်၊ တနေရာတည်းအကြာကြီးထိုင်လျှင် ညောင်းညာသည်၊ ဖောက်ပြန်ပြောင်းလွဲကြောင်းဆင်ခြင်နိုင်ပေသည်။
ထိုကဲ့သို့ရှူဖန်များလာလေလေ နိဗ္ဗာနဟူသော နိဗ္ဗာန်ကိုပင်မျက်မှောက် ပြုနိုင်ပေလိမ့်မည်။
ယခုကျွန်တော်မှာမူ သတိတရားမြဲဖို့အားထုတ်နေတုန်းပင်ဖြစ်သည်။ အကယ်၍ မသိနားမလည် မရှင်းလင်းရှိပါက ကျွနပ်၏ရေးသားချက်မပြည့်စုံတာဖြစ်ပါသည်။
ထိုနည်းကိုမြတ်စွာဘုရားရှင်ဟောကြားတောမူခဲ့ပေသည်။(ကွကိုယ်လိုက်ရှာကြည့်ပါ..သဘောပေါက်လာပါလိမ့်မယ်)

ခပ်ဆင်ဆင်တခုရှိတယ်။ ပညာရှိတယောက်ဆီမှာလူတယောက်ဟာနေနည်းထိုငိနညိးလာသင်တယ်။ ပညာရှိကထမင်းစားကြတယ်၊ ရေသောကိပြတယ် အိပ်ပြတယ်၊ အလုပ်လုပ်ပြတယိ။ ထိုလူကနားမလည်ဘူး..အာ့နက်ပညာရှိက ဟာ.ငါစားနေလျှငိ စားတဲ့ကိစ္စမှာဘဲ့စိတိဝင်စားတယိ. ကြက်သားစားရင်အာ့ကြက်သားပေါ်မှာရှိတဲ့အရသာကိုခံစားတယ်၊ တခြားကိုစိတိမရောက်ဘူးလို့ပြောပါတယ်။
သို့သော်ကျွန်တော်အထက်မှာရေးတာက စားတာကိုစားမှန်းသိ ချိုချဉ်ငန်စပ်ခါးရင်အရသာကိုအရသာမှနိးသိ၊တဏှာမလိုက်စေရပါ။

image
sawmyat@sawmyat
Msc088
Writer Saw Myat Tu
From myanmar
Photo google credit

သတိတရား | Ecency