Error correction about crediting Images' original sources !

Words
193
Reading
1 min
Listen
Play
8y

အမှားပြင်ဆင်ခြင်း


Source


စတီးမစ်နဲ့ ပတ်သတ်ပြီး ကျွန်တော် လေ့လာသမျှကို ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အချို့အရာများဟာ အတော်အတန်လေ့လာပြီးမှ မှားမှန်းသိတာတွေ ဖြစ်ပါတယ်။ ကိုယ် မသိတာကို သိလိုက်တော့ အခြားသူတွေလည်းပဲ သိရအောင်ဆိုပြီး ပြန်လည်မျှဝေတဲ့သဘောမျိုး ရေးဖြစ်တာပါ။ အဲဒီလို ရေးတဲ့အခါ ကျွန်တော့်အနေနဲ့ အမြဲသတိထားတာ တစ်ခုက ကိုယ်ရေးလိုက်တဲ့အရာ ပြောလိုက်တဲ့အရာဟာ အကျိုးရှိမလား အကျိုးမဲ့စေသလားဆိုတာပါပဲ။ ဒါကြောင့် မရေးခင် ပြန်သုံးသပ်ဖို့ အချိန်တစ်ခုယူပါတယ်။ အချို့ဟာတွေကိုတော့ အရေးတကြီးပြောသင့်တယ်ဆိုပြီး ချက်ချင်း ကောက်ရေးတာမျိုးလည်း ရှိပါတယ်။ ရေးတဲ့အခါမှာလည်း ဘယ်လိုမျိုးလေး ရေးသားရင် လူတွေ ပိုနားလည်မလဲဆိုတာ အမြဲတွေးပါတယ်။ ဘယ်လိုပဲ အမှားကင်းအောင် လုပ်ပါစေ လူ့သဘာဝအရ အယူအဆလက်ခံချက်တွေအရ မှားတာတွေလည်း ရှိပါတယ်။ မှားပြီဆိုပြီး ချက်ချင်း မရေးဖြစ်ဘဲ လေ့လာပြီးမှ အောက်ပါ အမှားပြင်ဆင်ချက်များကို ရေးသားတာ ဖြစ်ပါတယ်။


မိမိကိုယ်တိုင်ရိုက်ပြီး အခြားမှာ တင်ထားတဲ့ပုံ မဟုတ်လျှင် မည်သည့်ပုံကို မဆို credit ပေးပါရန် ...

ကျွန်တော် အရင်ရေးခဲ့တဲ့ ပို့စ်တွေမှာ free image sites တွေကနေ ပုံတွေကို ယူရင် credit ပေးစရာ မလိုကြောင်း ရေးသားဖူးပါတယ်။

အခု ထပ်မံဖြည့်စွက်ပါမယ်။ ကိုယ့်ပုံမဟုတ်ရင် အခြားမှာ တင်ထားဖူးရင် မူလနေရာကို ရှာပြီး credit ပေးပေးပါ ...

အွန်လိုင်းမှာဆိုပြီး အလွယ်တကူ မလုပ်စေချင်ပါဘူး ... မိမိအကောင့်က မိမိဂုဏ်သိက္ခာပါ ... အပြင်မှာတောင် ပိုင်ရှင်ရှိရင် ခွင့်တောင်းရတာ ထုံးစံဖြစ်ပြီး ... အလှူပေးထားပေမယ့် အလှူရှင်နာမည်ကို ရည်ညွှန်းရတာကလည်း သတိထား ဆောင်ရွက်သင့်တဲ့အရာပါ။

credit ပေးပုံပေးနည်းကို ထပ်မံ ရှင်းလင်းပါမယ်။

မိမိယူလိုက်တဲ့ ပုံရဲ့အောက်မှာ ဆိုပြီး ရေးလိုက်ရင် ရပါပြီ။

ဥပမာပြပါမယ် ...

အောက်ပါပုံကတော့ စတီးမစ်ထဲမှာ လင့်ခ်တွေကို နေရာချရေးထားတာပါ ...


ပို့စ်ကို တင်ပြီးရင်တော့ အောက်ပါအတိုင်း ပေါ်လာပြီ ဖြစ်ပါတယ် ...


  • ပထမဆုံး ပုံကို ထည့်တာက ပုံကို မပြဘဲ လင့်ခ်ဘဲ ပေါ်ပါတယ်။ အောက်က preview မှာ ကြည့်ရင်တော့ ကိုယ်ရေးတဲ့စာတွေ ဘယ်လို မြင်ရလဲ တွေ့မှာပါ။
  • လေးထောင့်ကွင်းနဲ့ခတ်ထားတဲ့ source က ပုံအောက်မှာ ပေါ်ပေမယ့် သူနဲ့ကပ်လျက် တွဲရေးထားတဲ့ လက်သည်းကွင်းထဲက ပုံရဲ့မူလလင့်ခ်ကတော့ Source ဆိုတဲ့ စာနဲ့ လင့်ခ်ချိတ်သွားပါတယ်။
  • ကို နှိပ်လိုက်ရင် လင့်ခ်ထဲ ဝင်သွားပါမယ်။

ရေးပြီးသားတွေကိုတော့ လင့်ခ် ပြန်မတွဲပေးတော့ပါဘူး။ လိုအပ်ပါက လိုက်လံရှာဖွေနိုင်ပါတယ်။

စတီးမစ်အကြောင်း မသိသေးသူ လူသစ်များအနေနဲ့ အောက်ပါ post ကနေ အထောက်အကူတစ်ခု ရနိုင်ပါတယ်။

Link - Guide for newbies, Myanmar

အားလုံးကို ကေျးဖူးတင်ပါတယ်။


sawlwin@sawlwin

MSC - 176

Error correction about crediting Images' original sources ! | Ecency