Drugwars or Deadwars ?

Words
188
Reading
1 min
Listen
Play
7y

Drugwars ကို ဆော့တာ အတော်ကြာသွားတော့ ဒီဝဲကယက်ထဲကနေ ရုန်းမထွက်နိုင်တော့ဘူး ဖြစ်နေပါတယ်။ ကိုယ်အပင်ပန်းခံထားတာလေးတွေ ရှိနေတာကြောင့် မတန်တော့တဲ့အချိန်ကို ရောက်နေတာ သိပေမယ့် ဆက်ပြီး လုပ်နေမိတယ်။ လုပ်နေရင်း သိလာတာ တစ်ခုရှိတယ်။ အဲဒါကတော့ ကိုယ့်လို လက်လျော့လာချင်သူတွေ များနေပြီး တကယ်တမ်း နှုတ်ထွက်သူတွေ ရှိနေတယ်ဆိုတာပါ။ ဒါက ကိုယ်တွေအတွက် အကွက်ကောင်းဖြစ်လာမှာလား စဉ်းစားကြည့်မိတယ်။

သူတို့တွေ ပုံမှန် မဆော့ဘူးဆိုရင် သူတို့ရဲ့ resources တွေက ကိုယ့်အတွက်ပဲ ဖြစ်ပြီပေါ့။ ဒါပေမဲ့ မသေချာတာတွေက ရှိသေးတယ်။ မထင်မှတ်တဲ့အချိန်မှာ ဝယ်စုထားတဲ့ unit တွေနဲ့ ကိုယ့်တပ်ကို သေစေဦးမယ်။ ဥပမာ exchange.msc ပေါ့။ တပ်မရှိဘူးဆိုပြီး ဝင်လိုက်တာ Bigmama တွေ ဝယ်ထားတော့ ကိုယ့်အကောင်လေး ဂန့်သွားရှာတယ်။ တော်သေးတယ်။ သတိရှိပြီး တပ်အများကြီး မလွှတ်လိုက်လို့။


lp1nnb6thp.png


နောက်ပြီး ဆော့နေရင်း ထူးခြားတာတွေကို သတိထားမိတယ်။ ဘယ်လို အခြေအနေမျိုး ဝယ်ထားရင် သူ့မှာ တပ်မရှိလောက်ဘူး။ အမြတ်ထွက်နိုင်တယ်ဆိုတာပေါ့။ Find the target ကနေ စစ်ထုတ်ပြီး တိုက်ကြည့်တာ တစ်နာရီအတွင်း Drug 300k လောက် ရသွားတယ်။ မဆိုးပါဘူး။ တန်တယ်ပေါ့။ ဒါပေမဲ့ အဲဒီလောက် မရတဲ့ တစ်နာရီတွေက ဘယ်လောက်များ ရှိနေပြီလဲ။ Game ကို ဘဝမမှတ်မိအောင် မနည်းထိန်းနေရတယ်။

ထိန်းနေရင်း ကြားကနေ ကိုယ့်စိတ် လက်တစ်ဆစ်ကို လာဆွနေသူက ရှိသေးတယ်။ Drugwars မှာ သည်းမခံနိုင်ဆုံး ကိစ္စက resource မရဘဲ ကိုယ့်တပ်ကို လာဖြုတ်တာကိုပါ။ ဒါမျိုးဆို ရေဆုံးမြေဆုံး လိုက်ချတယ်။ အရင်က ဂိုဏ်းနှစ်ခုနဲ့ တိုက်ပြီးတော့ စစ်ဆိုတာကို အတော်လေးမုန်းသွားတယ်။ ဒါကြောင့် လာမတိုက်ပါနဲ့။ မင်း လာတိုက်ရင် ငါ အပြုတ်ချမှာနော်လို့ တားနေတဲ့ကြားက ကိုယ့်အကောင့်ပွားနှစ်ခုကို လာဖြုတ်တဲ့ ယာကူဇာ ငနဲတစ်ကောင်ကို ကျွေးလိုက်တာ တစ်ပတ်လောက် အချိန်ကုန်တယ်။ အခု သူ့အကောင့်ကြီး ၂ ခုစလုံး ပြုတ်သွားတယ်။ ဒါတောင် ကိုယ့်အကောင့်ကြီးတွေကို မသုံးထားဘူး။ အကောင့်ပွား ၃ ခုနဲ့ ပတ်တိုက်လိုက်တာပဲ ရှိပါသေးတယ်။ ထူးခြားသွားတာက စစ်တိုက်နည်းတွေ တပ်စုနည်းတွေ ပိုပြီး ကျွမ်းကျင်လာပြီ။ ယူနစ်တစ်မျိုးကို အကောင် ၅၀ ကျော်အောင် ၄ ရက်တည်းနဲ့ စုဖြစ်တယ်။ D ကို 200K, W A ကို 300K ဖြစ်အောင် တင်ပေးနိုင်သွားတယ်။ Main accounts တွေကတော့ အဖြည့်ခံပေါ့။


0aoggzwgzv.png


ဒါတွေကတော့ ဒီတစ်လအတွင်း upgrade လုပ်နေတဲ့ ကြားကနေ drugwars ကို ဆော့လာပုံလေးကို အကြမ်းဖျင်းရေးတင်လိုက်တာပါ။ အသေးစိတ်ကိုတော့ လက်ရှိဆော့နေတဲ့သူတွေ သိကြမှာပါ။

ကျေးဇူးတင်ပါတယ်။


sawlwin@sawlwin

MSC - 176

Drugwars or Deadwars ? | Ecency