အမှန်ကိုပြောရလျှင် မိမိ မှာ Steemit မသုံးသောအချိန်ထိ စာရေးခြင်းဆိုသော အရာကို စိတ်ကူထဲမရှိ စာအုတ်တော်တော်များများကိုဖတ်ဖူးသော်လည်း တစ်ကြိမ်တစ်ခါမှ ဆောင်ပါလေး ဝတ္တုတိုလေးရေးမည်ကို မစဉ်းစားမိပါ။ စာဖတ်ရခြင်းသည်လွယ်သလောက် စာရေးခြင်းက ခက်သည်မှာအမှန် သို့သော် စာရေးဆရာများသည် ဤမျှများပြားလှသော စာအုပ်ကိုဘယ်လိုလုပ်ပြီးရေးသနည်းဟု စာစလိုရေးမည်ဟု စဉ်းစားမိချိန်တွင် စိတ်ကူးထဲရောက်သည့်အတွေးက အဖြေမရှိဖြစ်နေပါတယ်။ မိမိ လည်း Steemit တွင် ကိုယ်တိုင်ရေးသည် စာများကိုတင်မည်ဟုဆုံးဖြတ်သည့်အချိန်တွင်ဖြစ်ပေါ်ခဲ့သည်စိတ်ကလေးက အခုတစ်ရက်တစ်ပုဒ်လောက်ရေးဖြစ်သည့်အခါ စာရေးခြင်းကိုနှစ်သက်သာ၏ စိတ်ကူးတွင်လည်း ဘယ်လိုရေးမည် ဘယ်ဟာကိုရေးမည် မြင်မြင်သမျှကို စာရေးမည် ကုန်ကြမ်းလို့သာမြင်နေသည်။ တဖြည်းဖြည်းသဘောပေါက်လာသလို စာရေးဆရာကြီးတွေရေထားသော စာများ သူများတွေရေးထားသော ဆောင်းပါးများကို ဖတ်ရသောအခါတွင်လည်း အရင်ကလို ဆိုလိုရင်း ကို သိဖိုသာလိုသည် သဘောမျိုး သာမန်ဖတ်သလိုမဖတ်တော့ဘဲ သူရိုတွေဘယ်လိုရေးတယ် လူတွေနားလည်အောင် ဘယ်လိုတင်ပြထားတယ် ဟာသလေးနှောပြီး မိမိပြောချင်သော အဓိပ္ပယ်ကိုဘယ်လိုရေသည်ကအစ သတိထားပြီးဖတ်မိသည် ဟုဝန်ခံရမည်။ အရင်ကထက် စာဖတ်ရခြင်းကိုပိုလို နှစ်သက်လာသည် စာဖတ်ခြင်းနှင့်အတူ စာရေးရခြင်းကို ပိုလိုသဘောကျလာသည် တွေးရင်းရေး ရေးရင်းတွေး ဆိုသလိုမျိုး တွေးနေရခြင်းကို စာရေးခြင်း၏ ရသလိုပိုမြင်လာသည် နောက်ပြီး မိမိ စာများကို ပို၍ကောင်းအောင်တနေထက်တနေ့ ကြိုးစားပြီးရေးချင်စိတ်တွေလည်းဖြစ်ပေါ်သည်။ စာစရေးမည်ဟု စိတ်ကူးတုန်းက မေးခွန်းက အခုမှ သူရဲ့အဖြေကို သဘောပေါက်လာသလို စာရေးဆရာတွေရဲ့ စာရေးခြင်းအပေါ် ဘယ်လောက်ထိ နှစ်သက်မည်ကို စိတ်ကူးထဲပုံဖေါ်လိုရလာသည် စာရေးခြင်း၏ပျော်စရာကောင်းပုံ ရသ ခံစားလိုကောင်းပုံကား စာရေးသူအချင်းချင်းသာ သိနိုင်သည့်အရာပါလား.............ကြိုးစားပြီးရေးပါအုန်းမယ်။။။။။။။။။။။။။။။။။။။။။။။။။။
Written by sannhtunlwin (18-feb-2018)
Photo from Google Image