ပိတုန်းလိုလူ
တနေ့

Words
144
Reading
1 min
Listen
Play
9y

image

         သိပ္ပံဆောင်းပါးတစ်ပုဒ်ကိုဖတ်လိုက်သည်မှာ ပိတုန်းတွေ ဘာကြောင့်ပျံနိုင်သလဲတဲ့။ ခေါင်းစဉ်ကိုကြည့်လိုက်တော့ မေးခွန်းက ကျွန်တော်တို့အဖို့အထူးအဆန်းပင်ဖြစ်ပါတယ်။ ပိတုန်းဆိုသောသတ္တဝါက ပျံနိုင်သော အမျိုးအစားလေ ပျံမှာပေါ့လိုလူတိုင်းတွေးမိမှာ အမှန်ပါ။ ကျွန်တော်လည်း စိတ်ဝင်စားစွာနဲဖတ်လိုက်မိသည်။ သိပ္ပံ ပညာရှင်တွေ လေ့လာတွေရှိသည်က ပိတုန်း၏ ခန္ဓာကိုယ်သည် သူ့တောင်ပံအရွယ်အစားနှင့် နှိုင်းယှဉ်ကြည့်လျှင်အလွန်မှသေးငယ်လွန်းသည်။ တွက်ချက်မှုအရလည်းဘယ်လိုမျှပျံသန်းရန်မဖြစ်နိုင်။

image

                ဤသည်မှာ လေ့လာသူများအဖို့အဖြေရှာမရအောင်ပင်ဖြစ်နေသည်တဲ့။နောက်ဆုံးသူတို့တွေအမျိုးမျိုး စမ်းသပ်ချက်ပြု လုပ်ပြီးမှ အဖြေထွက်လာသည်က သူတို့ကိုယ်သူတို့ ပျံသန်း၍မရသော သတ္တဝါဟူ၍မသိရှိခြင်းပင်ဖြစ်သည်။ သူတို့သည် အခြားပျံသန်း၍ရသော သတ္တဝါများနည်းတူ ပျံသန်း၍ရသည်ဟုထင်ပြီး ကြိုးစားပျံသန်းရင်း ပျံလိုရခြင်းပင်ဖြစ်သည်။ သူတို့သည် အခြား ပျံသန်းကြသော သတ္တဝါတွေထက် သူတို့အတောင်ပံတွေကို လေးငါးဆလောက် ပိုမိုလုပ်ရှားရ၏။ ပြောရမည်ဆိုလျှင်အခြားသူများထက်အားထုတ်မှု ကြိုးစားမှု ပိုမိုလုပ်ရပါသည်။ 
    
               ဤဆောင်းပါးကိုဖတ်ပြီးနောက် လူသားတွေမှာလည်း တစ်ဦးနဲတစ်ဦးမတူညီသော အရာများမှာကား မွေးရာပါ ကံအကြောင်းတရားပင်ဖြစ်သည်။ အမွှာတွေမှာတောင် မတူသည်ကများ၏။ မွေးရာပါသွေးသားတော်စပ်မှုအရ အရုပ်ချင်းဆင်တူကြသော်လည်း စိတ်နေစိတ်ထား အပြုအမူများမှာ မည်သို့မျှပင်မတူပါ။ မွေးရာပါ ဗီဇအရ ဉာဏ်ကောင်းသူကကောင်း၏ ကိုယ်လက်အင်္ဂါပြည့်စုံသူရှိသလို ချို့တဲ့သူလည်းရှိ၏။ မွေးတော့အကောင်းကြီးလာတော့ ကံအကြောင်းတရားကြောင့်ချို့တဲ့သွားတာတွေ ရှိသော်ငြားသော်လည်း ဘဝကို အရှုံးမပေးဘဲ ဇွဲလုံ့လကို အရင်းခံကာ ကြိုးစားကြသူတွေကိုပြော ပြရမည်ဆိုလျှင် ပြေးမြင်သည်က သမ္မတ လင်ကွန်း။ ကျွန်တော်တို့ကို ညအချိန်အလင်းနှင့်နေနိုင်အောင် တီထွင်ခဲ့သော အက်ဒီဆင်သည် မအောင်မြင်မှုပေါင်းထောင်နှင့်ချီစမ်းသပ်သော်လည်းစိတ်ဓာတ်ကျမှုမရှိ ဘဲအကြိမ်ကြိမ်ကြိုးစားခဲ့သော သူ့ရဲ့ဇွဲလုံ့ လကြောင့် ကမ္ဘာအတွက် တန်ဖိုးမဖြတ်နိုင်သော relativity theoryကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ အိုင်စတိုင်း သည်ပင်လျှင် နာဇီ ဟစ်တလာရဲ့ဖမ်းဆီး သတ်ဖြတ်မှုကလွတ်မြောက်လာပြီး USAကိုရောက်ပြီး သူရဲ့ကြိုးစားအားထုတ်မှုကြောင့်ပင် အောင်မြင်ကျော်ကြားပြီး လူသားကောင်းကျိုးအတွက် ဆောင်ရွက်နိုင်ခဲ့သည်။ဤသည်မှာပြောစရာက သူက ဉာဏ်ကောင်း၏ ဒါပေမဲ့ သူလိုဉာဏ်ကောင်းသည့်သူများ ကမ္ဘာမှာအများကြီးပါ။ ပိတုန်းလိုလူမျိုးကိုညွှန်းပြပါဆိုလျှင်အများကြီးပါ။ ပညာရပ်နယ်ပယ်တိုင်းမှာပေါ်ပေါက်နေမည်မှာ အရင်ကလည်းရှိသလို အခုလည်းရှိမည် နောင်လည်းပေါ်လာအုန်းမည်ပါ။ 

image

           လမ်းဟောင်းအတိုင်း မလျှောက်လိုဘဲ မိမိရဲ့ စွမ်းအား ဇွဲလုံ့လကို အခြားသူများထက် လေးငါးဆ လောက်ကြိုးစားနေသူများအဖို့ သဘာဝတရားကြီးက မည်သိုပင်ဟန့်တားထားစေကာမူ ဖောက်ထွင်းပြီး သူတို့လိုချင်သောပန်းတိုင်ကိုလျှောက်လှမ်းပြီးရောက်ရှိသွားကြသူများရှိကြပြီး လျှောက်လမ်းဆဲ လျှောက်လတ္တံသူများလည်း ရှိနေအုံးမှာပါ။ ထို့ကြောင့် ငါ့မှာတော့ ဒီဟာမရှိဘူး ဒီဟာမပြည့်စုံသေးဘူး ဆင်ခြေများနေမဲ့အစား လက်ရှိရောက်နေသော ဘဝကို အကောင်းဆုံးကြိုးစားပြီး မဖြစ်နိုင် မရနိုင်ဟုထင်သောအရာများကို ရယူနိုင်အောင်ကြိုးစားပြီး ပိတုန်းလိုကျင့်ကြံကြရအောင်...............

Written by sannhtunlwin (21-feb-2018)

Photo from Google Image