ကျွန်တော်မဖတ် ချင်သောဆောင်းပါးများ

Words
116
Reading
1 min
Listen
Play
9y

image

    သတင်းစာ ဂျာနယ် ဆိုရှယ်မီဒီယာ အစရှိသည်တို့ ကိုဖတ်လိုက်သည်နှင့်  မှုခင်းသတင်းကားနေတိုင်းလိုလို ဖတ်နေ သိနေရပါသည်။ လူသတ်မှု မုဒိမ်းကျင့်မှု ခိုးယူမှုတို့ မှာ မရိုးနိုင်လောက်အောင်ပင်။ထိုသတင်းများထဲတွင် မကြားချင်ဆုံး သတင်းကိုပြောပါဆိုလျှင် သက်ငယ်မုဒိမ်းမှုလိုပြောရမည် ထင်ပါသည်။ လူ ဆိုသည်မှာ အသိုင်းအဝိုင်းနှင့် အုပ်စုဖွဲ့နေတတ်သော သတ္တဝါ ဖြစ်သည့်အလျောက် လုပ်ချင်သည်ထက် လုပ်သင့်သည်ကိုသာ လုပ်ဆောင်ရမည်ဖြစ်သည်။ လူတိုင်းလူတိုင်း လုပ်ချင်သည်ကိုသာ လုပ်နေကြမည် စိတ်အလိုလိုက်နေမည်ဆိုလျှင် မတွေးဝံ့စရာပါ။ စဉ်းစား ဆင်ခြင်တုံတရားဖြင့် လုပ်သင့်၏ မလုပ်သင့်၏ မိမိ ပြုမူလိုက်သောအပြုအမူသည် မည်သို့သက်ရောက်မည်နည်းဟု တစ်ချက်ကလေးလောက်မှ အတွေးမဝင်လေသလား ဟုမေးခွန်းအကြိမ်ကြိမ်ထုတ်မိလေသည်။ သက်ငယ်မုဒိမ်းမှုသတင်းများကို ဖတ်လိုက်ရတိုင်း ကလေးငယ်၏ ရှေ့ရေး ဘဝ လောကဓံကို သူဘယ်ကျော်ဖြတ်မည်နည်း။ ကလေးငယ်၏ မိဘနေရာတွင် မိမိ ဆိုလျှင် ဘယ်လိုတုန့်ပြန်မိမလဲ မသိဘူး။ ၂နှစ်သမီးငယ်ကို မုဒိမ်းကျင့် သတ်ခဲ့တဲ့အမူမှာဆိုလျှင် သမီးလေး မွေးရမှာကိုကြောက်နေပြီတဲ့။ အခြားအမှုတွေမှာလည်း ကြားကြားနေရသည်မှာ စိတ်ဆင်းရဲစရာပင်။ နောင်ထပ် သတင်းတစ်ခုဆိုလျှင် ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုရမည်ပင်။ မိခင်ကိုယ်တိုင် ရောင်စားခြင်းပင်။ ကျောင်းဆရာတစ်ဦး ရေးသားထားသောဆောင်းပါးကို  အကျဉ်းပြောပြရလျှင် ကလေးငယ်က စာမေးပွဲခန်းထဲတွင် ငိုနေသောကြောင့် ဆရာမ များ မေးမြန်းရာမှ စာမေးပွဲပြီးလျှင် အသက်၅၀အရွယ်လူကြီးနှင့် လိုက်နေရမည်ဟု မိခင်ကအတင်း စေလွှတ်နေသောကြောင့်ဟုဖွင့်ဟဝန်ခံလေတော့ ကျောင်းက ဆရာမဆရာမက နယ်မြေခံရဲ များနှင့်ပူးပေါင်းပြီး လိုက်လံစုံစမ်းပြီး အရေးယူသူကိုအရေးယူ ကလေးငယ်ကိုလည်း အစိုးရ၏ စောင့်ရှောက်မှုဖြင့်ပညာဆက်လက်သင်ယူနိုင်ရန်စီစဉ်လိုက်ရ ကြောင်း ရေးသားထားသည်။ သူတို့ လေးတွေမှာလည်း အရင်ဘဝက ဘယ်လို အကုသိုလ်မျိုးတွေကျူး လွန်လာသည်မသိ လူမှန်းမသိစအရွယ်ကပင် မိမိရဲ့အမှားလည်းမဟုတ်ဘဲ ဆိုးရွားလှသော လောကဓံကို ခံစားနေရပါလား။ သူတို့ လေးတွေ လောကဓံ ရက်စက်မှုအောက်တွင် မကျရှုံးဘဲ အောင်မြင်သော လူ့လောကကိုအကျိုးပြုသော လူတော်လူကောင်း တွေဖြစ်ပါစေလို့ ဆန္ဒပြုရင်းသာ..............

image

ကျွန်တော်မဖတ် ချင်သောဆောင်းပါးများ | Ecency