Chinese New Year ရောက်တိုင်း မိမိရဲ့မွေးရပ်မြေသို့ လွမ်းဆွေးသတိရမိလေ၏။
မိမိမှာ တရုပ် မဟုတ်သော်လည်း သူတို့တွေရဲ့ မိသားစုတွေဆုံပွဲ တွေ ပျော်ပွဲရွင်ပွဲတွေလုပ်နေသည်ကိုမြင်ရခြင်းမှာ
တကယ်ကိုကြည်နူးဖွယ်ကောင်းပါသည်။ တရုပ်တွေများတဲ စင်ကာပူမှာနေရခြင်းကြောင့်ထင်ပါသည်
မိမိ တို့နှင့် အတူတူလုပ်နေသော ပြည်ကြီးတရုပ်များကလည်း ခွင့်ယူပြီး မွေးရပ်မြေ သို့သွားကြသည်။
သူတိုတွေပြောပြကြသည့်မှာ New Year မကျခင် ညဆိုလျှင် ဒီဇင်ဘာ ၃၁ညလို အိမ်တိုင်လိုလို
သူတို့၏ မိသားစုအစုံလင်ရောက်လာကြပြီးညစာစားပွဲများပြုလုပ်ကြပြီး မီးရှူး မီးပန်းများ ဖေါက်ခြင်း ပြုလုပ်ကြသည်မှာ
အလွန်ပျော်ရွှင်စရာကောင်းကြောင်း မီးရှူးမီးပန်း ဖေါက်ခြင်းက ငါတိုအိမ်သားလူစုံနေပြီကိုအချက်ပြသလိုပင်
ငါတို့လည်လူစုံတယ်တဆိုပြီးတစ်အိမ်နှင့်တစ်အိမ်အပြိုင်ဆိုင်ပြုလုပ်ကြသည် ဆို၏။သူတို့တွေ ပြောသည်ကိုနားထောင်ပြီး
မိမိတို နှစ်သစ်ကူး သင်္ကြန်ပွဲတော်သတိရမိသည်မှာ အမှန်ပါ သို့သော် မိမိမှာ သင်္ကြန်ကျတိုင်
အိမ်သို့မရောက်ဖြစ်သည်မှာ ၃နှစ်တောင်ရှိပြီလေ။ ဒိနှစ်တော့ ရောက်ဖြစ်အောင်သွားအုံးမှလေ ဆိုပြီး
စိတ်က Chinese New Year ရောက်တိုင်း စိတ်ကူမိသည့်က အကြိမ်ကြိမ် လက်တွေမှာအကြောင့်အမျိုးမျိုကြောင့်
မရောက်ဖြစ် တနေ့တော့ အမိမြန်မာပြည်ကို ပြန်ပြီး နှစ်သစ်ကူး ပွဲတော်ကိုဆင်းနွဲအုန်းမယ်လေ.........
Written by sannhtunlwin