ဘဝခရီးဝယ်
ကြိုးစားအားမာန် ဘဝပင်လယ်
ရုန်းကန်လှုပ်ရှား အားအင်သစ်ဖြင့်
ကြံစဉ်တွေးတော ပန်းတိုင်ဆီသို့
မရပ်မနား လျှောက်ကာလမ်းဝယ်
တွေကြဆုံကြ လူ့လောကဝယ်
မိတ်ကောင်းဆွေကောင်း ရှားလှပါဘိ
ရှားပါးမျိုးစေ့ မိတ်ဆွေကောင်းကို
တန်ဖိုးထားကာ လေးစားပါလေ
လမ်းမှန်ညွှန်ပြ ကိုယ့်ကျိုးမျှော်ကိုး
ခက်ခဲဒုက္ခ မခွဲအတူ
ဘဝတက်လမ်း အတူချီတက်
ဆိုးတူကောင်းဖက် သူငယ်ချင်းကောင်း
ဘဝခရီး လျှောက်လမ်းစဉ်ဝယ်
မေတ္တာသက်ဝင် ချစ်ရသူကို
ခိုင်မြဲသစ္စာ တိုင်တည်ပြုလို့
သက်ထက်ဆုံးတိုင် လက်တွဲမဖြုတ်
တွဲလက်ခိုင်မြဲ ချစ်ခြင်းမေတ္တာ
Written by sannhtunlwin ( 03 March 2018 at 12:47 AM)