မကောင်းမှုတစ်ခုခုကို ပြုတော့မယ်ဆိုတိုင်း ခံစားရမည့်သူနေရာမှာ ကိုယ်ဆိုလျှင် ဘယ်လိုနေမလဲ။
အတွေးကလေးတစ်ချက်လောက် တွေးကြည့်လိုက်ပါ။ ကိုယ်ချင်းစာတရား လူတိုင်းမှာကိန်းအောင်းနေလျှင် ကမ္ဘာကြီးဘယ်လောက်အေးချမ်းနေမလဲနော်။ တစ်နေ့တမျိုး မရိုးရအောင် ဖတ်နေရသော သတင်းများက တစ်ဦးပေါ်တစ်ဦးစာနာမှုကင်းမဲ့စွာရက်စက်နေကြသည်မှာ လူသားတွေကောဟုတ်ရဲ့လားထင်ရပါသည်။ ဥပမာ လူတစ်ဦးသည် တစ်ယောက်ကိုသတ်လိုက်သည့်အတွက် ဥပဒေအရ သေဒဏ်ကျခံမည် ဟုသိသောအချိန်တွင် သူအနေနှင့်ခံစားနေရသည်မှာ ငါသည်သေရတော့မည် ကြောက်နေသည့်စိတ် ဤစိတ်ကလေး သူ လူတစ်ဦးကိုမသတ်ခင်ကသာ ခံစားမိလိုက်ပါက မည်မျှကောင်းလိုက်မည်နည်း။ မူယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူများ တရားဥပဒေကြောင့် သေဒဏ်ကျမည်ဆိုသာအခါ ကြောက်နေသည့်စိတ် ဤစိတ်ကလေး သူဒီအလုပ်ကိုမလုပ်ခင်ကသာ ခံစားမိလိုက်ပါကမည်မျှကောင်းလိုက်မည်နည်း။ သက်ငယ်မုဒိမ်းမှုကျူးးလွန်သူတွေ သူသာငယ်ငယ်လေးကသာ ဒီလိုမျိုးလူညွှန့်တုံးအောင်အလုပ်ခံရမည်ဆိုပါက သူမည်ကဲ့သို ဘဝကိုရှင်သန်ရန်လုပ်ဆောင်မည်နည်း။ လူအများ သည်မကောင်းမှုပြုလုပ်ခြင်းကိုမွေ့ လျော်သည်ဆိုသော်ငြားလည်း ဆင်ခြင်တုံတရားလေးနှင့် မလုပ်ခင် အစားဝင်ကြည့်လိုက်ပါ ငါသာ သူနေရာမှာဆိုသည့် အတွေးကလေးတစ်ခုလောက်ပါဘဲ...........
Written by sannhtunlwin (26-feb-2018)
Photo from Google Image