လူဆိုတာ ကိုယ်ဝါသနာပါရာအလုပ်တွေနဲ့ ကိုယ့်ဗဟုသုတတွေကို ရှာမှီးနေဖို့ပဲလိုတယ် ပိုက်ဆံဆိုတာနောက်ကို လိုက်ဖို့ မလိုဘူးလို့ဘဲထင်တယ်။ ပိုက်ဆံမရှာရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ရှာတော့ ရှာရမယ် သိပ်ပြီးနစ်မြုပ်ဝင်သွားအောင်တော့ မလုပ်သင့်ဘူး။ ပိုက်ဆံ ကိုယ့်နောက်လိုက်အောင်ပဲ ကြိုးစားရမယ်။ ပိုက်ဆံက အရာရာတိုင်းကို ဖန်တီးနိုင်တယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဟုတ်ပါလိမ့်မယ်။ အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတယ့် စိတ်ခံစားမှုတွေ ယုံကြည်မှုတွေ အနာဂတ်တွေကိုတော့ ပိုက်ဆံနဲ့ ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ပြောင်းလဲအောင် လုပ်နိုင်တယ်လို့ ပြောတဲ့သူရှိခဲ့ရင်လည်း လုပ်ကြည့်ပါလို့ ကျွန်မ အကြံပေးပါတယ်ရှင့်။ကျွန်မအတွက်ကတော့ ပိုက်ဆံထက် အရေးကြီးတာတွေ အများကြီးပါဘဲ။ ပိုက်ဆံဆိုတာ ပညတ်ချက်တစ်ခုပါလို့ပဲ ပြောချင်တော့တယ်။ကျွန်မပိုက်ဆံက အရေးမကြီးဘူးလို့ မပြောပါဘူး အရေးကြီးပါတယ် ပိုက်ဆံ ၁ကျပ်ကအစ တကယ်လိုအပ်ရင် မလွယ်ကူပါဘူး၊ မုန့်ဆိုင်ဖွင့်ဖူးတဲ့ သူတို့ အသေးသုံးပစ္စည်းလေးတွေ ရောင်းဖူးတဲ့သူဆို ပိုသိမှာပါ ပိုက်ဆံနည်းနည်းလေးမြတ်ဖို့ ဘယ်လောက် ရုန်းကန်ရလဲလို့၊ ကျွန်မပြောချင်တာက ပိုက်ဆံကြောင့် လူဖြစ်တာမဟုတ်ပါဘူး လူတစ်ယောက်မှာ လုပ်စရာတွေ အများကြီးပါ၊ ပိုက်ဆံကို လူက ဖန်တီးတာပါ၊ လူသာ မဖန်တီးဘူးဆိုရင် ပိုက်ဆံဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပိုက်ဆံကြောင့် ဘ၀ပျက်နေကြတာတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ၊ ပြီးတော့ ပိုက်ဆံသိပ်မက်လွန်းတဲ့ လူတစ်ယောက်ဟာ ကောင်းတာ ဆိုးတာကို သိပ်မခွဲခြားနိုင်တော့ဘူး၊ ပိုက်ဆံကိုပဲ ကြည့်တော့တဲ့ လူတွေက များလို့ပါ။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ လောကကြီးမှာ နောက်ဆံတင်းနေတော့လည်း ဘာထူးတော့မှာလဲရှင်။လက်ရှိအနေအထားမှာ ကိုယ့်အတွက် အကောင်းဆုံးလုပ်နေဖို့ပဲ အရေးကြီးတာပါဘဲ။ ကျွန်မပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ မရေးနိုင်တာက ကျွန်မ ညံ့ဖျင်းမှုပါ၊ ကျွန်မ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရေးသွားပါ့မယ်။
author:@sanmoon
photo:google